အကယ်ဒမီမင်းသမီး မြတ်ကေသီအောင်က လက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုတွေ သိသိသာသာနည်းပါးသွားခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်မပြတ်ရှိနေသူပဲဖြစ်ပါတယ်။ ဒီကနေ့(၁၉)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ (၄၆)နှစ်ပြည့်မွေးနေ့ကို တစ်ယောက်တည်း အထီးကျန်စွာကျင်းပနေပြီး “တစ်ယောက်နဲ့တစ်ယောက်ရေစက်ဆုံကြရတာက ဝဠ်ကြွေးဆပ်ဖို့ဖြစ်လာမယ်ဆိုရင် တစ်ယောက်တည်းပဲကောင်းပါတယ်” ဆိုတဲ့အကြောင်း သူမရဲ့ဖေ့ဘွတ်ပေါ်မှာ ရေးထားတာတွေ့ရပါတယ်။

မြတ်ကေသီအောင်ဟာ မွေးနေ့မှာ ချစ်ရသူတွေမပါဘဲ တစ်ယောက်တည်း ကျင်းပနေတာ ကြည့်ပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူမက”Happy Birthday to Me..46 ပြည့် မွေးနေ့ ကိုယ်တယောက်ထဲပေါ့… ဘယ်သူ့မှ ဘေးမှာမရှိပေမဲ့… ရှိနေစေချင်တဲ့သူကတော့ ရင်ဘတ်ကြီးထဲရှိတာပေါ့…ဒါပေမဲ့လည်းလေ… တယောက်နဲ့ တယောက် ဆုံကြရတာဟာ ရေစက်ဆိုပေမဲ့ တခါတလေမှာ အဲ့ရေစက်တွေက ဝဠ်ကြွေးဆပ်ဖို့အတွက် ဖြစ်လာမယ်ဆိုရင်တော့ တယောက်ထဲပဲ ကောင်းပါတယ်… ” လို့ဆိုခဲ့ပါတယ်။

အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့ သူမဟာ တစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင် မားမားမတ်မတ်ရပ်တည်နေသူတစ်ဦးပါ။ မြတ်ကေသီအောင်က ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်တာတွေနည်းသွားတယ်လို့သိရပါတယ်။

source : Myat Kay Thi Aung