မင်းသားချောလေး သူရိယနဲ့ မင်းသမီးချောလေး ဆုအိမ့်စံတို့ ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေ အားကျရလောက်တဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ နားလည်မှုအပြည့်နဲ့ သာသာယာယာရှိနေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ဇန်န၀ါရီလ (၂၂)ရက်နေ့မှာ ချစ်သူသက်တမ်း (၁)နှစ် ပြည့်တော့မှာပါ။

နှစ်ယောက်စလုံးဟာ အနုပညာလုပ်ငန်းမှာ အသီးသီး အောင်မြင်နေကြသူတွေလည်းဖြစ်ပြီး၊ နှစ်ယောက်အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါတယ်။ ချစ်သူသက်တမ်း (၁) နှစ်ပြည့်ကိုတော့ ရိုးရိုးလေးဘဲ ဖြတ်သန်းပြီး ထူးထူးခြားခြား စီစဉ်ထားတာတွေလည်း မရှိဘူးလို့လည်း သိရပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ ဖေဖော်ဝါရီလမှာ ကျရောက်မယ့် ချစ်သူများနေ့ မှာလည်း တစ်ခြားထူးခြားတဲ့ အစီအစဉ်မျိုး မရှိဘဲ နှစ်ယောက်သား အတူတိုင်ပင်ထားတဲ့ အလုပ်ကိစ္စတွေပဲ လုပ်ဖြစ်မယ်လို့ သိရပါတယ်။

အလုပ်မှာ စိတ်တူကိုယ်တူ ရှိကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ နားလည်မှုတွေရှိကြလို့ ကြီးကြီးမားမား ပြဿနာတွေ မရှိကြဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေ အားကျရလောက်တဲ့ အနုပညာစုံတွဲ တစ်တွဲဖြစ်နေတာလို့ ဆိုရမှာပါ။

source : Myanmar Celebrity