မင်းသမီးသွန်းဆက်ကတော့ ကုသိုလ်ပွားများခဲ့ပြီး သူမပြုခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေပေးထားပါတယ်။ မေ (၁၀) ရက်နေ့က သူမရဲ့ fb မှာ Post တစ်ခု တင်ထားပါတယ်။ တင်ထားတဲ့ Post ထဲမှာတော့ ၀တ်ဖြူကို ၀တ်ထားတဲ့ သွန်းဆက်ကို တွေ့ရမှာပါ။ သူမဟာ သစ်တံခါးဆရာတော်ကြီးရဲ့ ကျောင်းမှာ အဓိဌာန်(၃)ရက် အောင်မြင်စွာဝင်ခဲ့တယ် ဆိုပြီး ကုသိုလ်ကို (၇)ရက်သား၊သမီးအတွက် မေတ္တာပို့ ဆုတောင်းထားပါတယ်။

“သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အေးချမ်းတဲ့မေတ္တာရိပ်အောက်မှာ သစ္စာပြုအဓိငှာန် ( ၃) ရက် တိုင်တိုင် အောင်မြင်စွာ ကုသိုလ်ပွားများအားထုတ်ခဲ့ပါတယ်ရှင် (၇) ရက်သားသမီးများ အား မေတ္တာပို့ဆုတောင်းပေးခဲ့ပါတယ်

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )……………….” ဆိုပြီး တင်ထားပါတယ်။

သွန်းဆက်ဟာ (၂၀၁၇)တုန်းကလည်း မိခင်ဖြစ်သူနဲ့ အတူ သီလရှင်ဝတ်ပြီး ကုသိုလ်ပြုခဲ့ပါသေးတယ်။ အခုနောက် ပိုင်း မှာ ဘာသာရေးဘက်ကို လိုက်စားလာတာကို တွေ့ရပါတယ်။ တလောတုန်းကလည်း ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ မီး ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေ အတွက် သွားရောက် လှူဒါန်းကူညီပေးခဲ့တာကိုတွေ့ရပါတယ်။

FROM သွန်းဆက်