ပရိသတ်တွေချစ်ကြတဲ့ ချစ်စရာကောင်းပြိး ပွင့်လင်းတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ သွန်းဆက်ကတော့ လတ်တလောမှာ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီး နေမကောင်းဖြစ်နေတဲ့ သူမရဲ့ အမေဘေးမှာ ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။

သွန်းဆက်ရဲ့ မိခင်ကတော့ မတ်လ(၇)ရက်နေ့က ဘန်ကောက်မြို့မှာရှိတဲ့ ဆေးရုံမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကတော့ အောင်မြင်ခဲ့တယ်လို့ သွန်းဆက်က သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။ သွန်းဆက်ကတော့ သူမရဲ့ မိခင် ခွဲစိတ်မှုပြုလုပ်နေစဉ်မှာလည်း ဂါထာတွေ၊ ပဌာန်းတရားတော်တွေ တက်နိုင်သမျှရွတ်ဖတ်ပူဇော်ခဲ့ပါတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါသေးတယ်။

သွန်းဆက်ကတော့ မိခင်ခွဲစိတ်မှုအောင်မြင်သွားတဲ့အတွက် “စိတ်ပူပေးကြ ဆုတောင်းပေးကြတဲ့သူငယ်ချင်းမိတ်ဆွေများနဲ့ ဆွေမျိုး … အကို များ အမ များ / အနုပညာရှငိများအားလုံးကို တစ်ဦးတယောက်ချင်းဆီကိုရင်ထဲက တကယ်ပါ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားထားပါသေးတယ်။

Source: Thun sett