နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသားသူထူးစံကတော့ လက်ရှိမှာ ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာကြာပြီဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့လည်း နည်းနည်းအလှမ်းဝေသွားခဲ့တဲ့ သူထူးစံကို ပရိသတ်တွေကတော့ အချစ်မလျော့သေးဘဲ ဆက်လက် အားပေးနေဆဲပဲဖြစ်ပါတယ်။ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ချပြခဲ့ခြင်းမရှိတဲ့ လူပျိုကြီးသူထူးစံကတော့ အိမ်ထောင်ပြုဖို့ကို လုံးဝစဉ်းစားနေပါပြီ ၊ အိမ်ထောင်မပြုရင်တော့ လုံးဝအဆင်မပြေဘူး လို့ဖွင့်ဟလာခဲ့ပါတယ်။

ဒီလိုဖွင့်ဟလာတဲ့ သူထူးစံရဲ့ အိမ်ထောင်ပြုတော့မယ့်အကြောင်းကို ပရိသတ်တွေကလည်း သူရဲ့လက်တွဲဖော်က ဘယ်သူဖြစ်မလဲဆိုပြီး စိတ်ဝင်တစားဖြစ်နေခဲ့ပါတယ်။ လတ်တလောမှာ သူထူးစံနဲ့ ခွန်းဆင့်နေခြည်တို့နှစ်ယောက်လက်ထပ်လိုက်ကြပြီးဆိုတဲ့ သတင်းအမှားတွေထွက်ပေါ်လာခဲ့တာနဲ့ပတ်သက်ပြီး သူထူးစံက အဲ့လိုထွက်ရှိခဲ့တဲ့သတင်းတွေက တစ်ခုမှမဟုတ်ကြောင်း အင်တာဗျုးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

လက်ရှိ အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီဆိုတဲ့အကြောင်းကိုလည်း အင်တာဗျုးတစ်ခုမှာ ကိုယ့်တိုင်ဖြေကြားသွားခဲ့တာပဲဖြစ်ပါတယ်။ သူထူးစံက သူရဲ့လက်တွဲဖော်ကို တော့ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေမယ့် (၂၀၁၈) ထဲမှာတော့ အိမ်ထောင်ပြုဖြစ်မှာပါလို့ ပြောခဲ့ပြီး မပြုဖြစ်ခဲ့ရင်လည်း ဘုန်းကြီးဝတ်ဖို့ပဲရှိတယ်လို့ဆိုခဲ့ပါတယ်။ သူထူးစံကတော့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ “လကာင်္ဒီပချစ်သူ”ပြဇာတ်မှာ ပါဝင်ထားတယ်လို့သိရပါတယ်။

source : Thu Htoo San (MC)