အနုပညာလောကမှာ အောင်မြင်မှု ကိုယ့်စီရနေကြပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေရနေကြတဲ့ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့သုံးယောက်ကို ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ အတူတွဲတွေ့ရတော့မှာဖြစ်ပါတယ်။ သူတို့သုံးယောက် ပါဝင်သရုပ်ဆောင်မယ့် “နှလုံးသား တံခါးပေါက်ကို ဝင်ချည်ထွက်ချည်လုပ်တဲ့ … ဧည့်သည် ” ဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။

အဆိုတော် ရွှေထူးရဲ့ အချစ်သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးနေပါတယ်။ အဆိုဘက်ပိုင်းမှာ အောင်မြင်မှုတွေရနေတဲ့ ရွှေထူး ၊ အသက်ငယ်ငယ်ကတည်းက သရုပ်ဆောင်လောကထဲမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားရတဲ့ ရွှေမှုံရတီနဲ့ အလှအပဆိုင်ရာတွေကို ပြန်လည်မျှဝေလေ့ရှိပြီး မိန်းကလေးတွေရဲ့ အသည်းစွဲ Beauty Blogger နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ တကယ့်ကိုကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်မှာ သေချာပါတယ်။

source : facebook