“တစ္ဆေကြောက်တဲ့ စုန်းကဝေ” ရုပ်ရှင်ဇာတ်ကားကို မြန်မာပရိသတ်တွေရဲ့ အသည်းကျော် မင်းသား (၃) ယောက်ဖြစ်တဲ့ မြင့်မြတ်၊ ရဲတိုက်နဲ့ ရွေထူးတို့ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ “တစ္ဆေကြောက်တဲ့ စုန်းကဝေ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူးမှာပဲဖြစ်ပြီး (၂၀၁၈) အတွင်းမှာ စတင်ရိုက်ကူးတော့မှာပဲဖြစ်တယ်။

“တစ္ဆေကြောက်တဲ့ စုန်းကဝေ” ရုပ်ရှင်ဇာတ်ကားမှာ မင်းသား(၃)ယောက်နဲ့အတူ မင်းသမီး(၁)ယောက်လည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

“တစ္ဆေကြောက်တဲ့ စုန်းကဝေ” ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဇာတ်ကား ဖြစ်ပြီး မင်းသား (၃)ယောက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကိုလည်း တွေ့ရမှာဖြစ်လို့ ဇာတ်ကားကောင်းတစ်ကား ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။

photo : Myint Myat ,Ye Deight, Htoo Khant ‘s fb