မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးကတော့ ထူးခြားမှုရှိသွားပါပြီ။ အချစ်ရေးနဲ့ပတ်သက်ပြီး အရင်တုန်းကတော့ ချစ်သူရှိခဲ့ဖူးပေမယ့် single ပြန်ဖြစ်သွားပါပြီဆိုပြီး ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်တစ်ယောက် အခုတော့ Relationship တင်လိုက်ပါပြီ။

နိုဝင်ဘာ(၁၉)တုန်းကတော့ သူမရဲ့ fb ပေါ်မှာ “Thx my ❤️ Oppa’ ” ဆိုပြီး နှင်းဆီပန်းစည်းတွေနဲ့ ရိုက်ထားတဲ့ ပုံတွေကို တင်လိုက်ပါသေးတယ်။ အဲဒီထဲကပရိသတ်တွေက သူမရဲ့ အချစ်ရေးမှာ ထူးခြားမှုရှိပြီဆိုတဲ့ အကြောင်းကို ရိပ်မိခဲ့တာပါ။

Relationship တင်ခဲ့ပေမယ့် wall ကနေ ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ Intro ၊ about ထဲမှာတော့ In a relationship ဖြစ်သွားပါပြီ။ သင်ဇာကတော့ profile video ချိန်းထားပြီး ဗီဒီယိုထဲမှာလည်း ချစ်ခြင်းသင်္ကေတတွေ ထုံမွှန်းနေတာကို တွေ့ရပါတယ်။

 

from သင်ဇာဝင့်ကျော်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။