ခန္ဓာကိုယ့်အချိုးအစား အလှကြောင့် နာမည်ကြီးနေသူ မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ဇန်​နဝါရီ်​လ (၂၈)ရက်​​နေ့မှာ သူမရဲ့ ပရိသတ်တွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါအပြင် သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ စိမ်းလန်းစိုပြေမှာ ပျော်ပျော်ပါးပါး မုန့်တွေစားခဲ့ကြတယ်လို့လည်း သိရပါတယ်။

သူမက သူမရဲ့ပရိသတ်တွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး မုန့််စားခဲ့ကြတာ ပျော်ခဲ့တဲ့အကြောင်းကို သူမရဲ့ Facebook ပေါ်မှာ “ဒီနေ့ သင်ဇာချစ်ရတဲ့ Fan လေးတွေနဲ့တွေ့ပြီး မုန့်စားကြရင်း ကောင်းမှုကုသိုလ်လေးတွေ တူတူလုပ်ဖြစ်ကြတယ် … အရမ်းအေးချမ်းပြီး ပျော်ပါတယ်” ဆိုတဲ့စာနဲ့အတူ ပုံလေးတွေပါ တွဲတင်ထားတာတွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က သူမရဲ့ပရိသတ်တွေနဲ့ အခုလိုတွေ အတူတူသွားလာရတာ အရမ်းကိုပျော်ပြီး ပီတိဖြစ်နေပုံရပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း သူမနဲ့တွေ့ရတာ အရမ်းပျော်နေခဲ့ကြတာ တွေ့ရပါတယ်။

source : Thinzar Wint Kyaw