မင်းသမီးချော ၀ါဆိုမိုးဦးရဲ့ ညီမလေး သဉ္ဇာကတော့ အနုပညာလောကထဲမှာ နောက်ထပ်လင်းလက်လာမယ့် ကြယ်တစ်ပွင့်လို့လည်း ပြောလို့ရပါတယ်။ သူမကတော့ အနုပညာအလုပ်တွေ မလုပ်ရသေးခင်မှာပဲ ပရိသတ်တွေရဲ့ ၀န်းရံတာကိုခံနေရသူ တစ်ဦးပါ ။အစ်မဖြစ်သူ ၀ါဆိုရဲ့ ခြေရာကိုနင်းမယ့် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ကိုလည်း ပရိသတ်တွေက မျှော်လင့်နေခဲ့ကြပါတယ်။

ဒါပေမယ့် သဉ္ဇာကတော့ အနုပညာအလုပ်တွေ လုပ်ဖို့ စိတ်မ၀င်စားသေးဘူးလို့လည်း သိရပါတယ်။ သဉ္ဇာက သူမရဲ့ တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေကို ဖေ့ဘွတ်ပေါ်မှာ တင်လေ့ရှိပြီး အစ်မဖြစ်သူလိုပဲ ဖက်ရှင်ကျကျ ၀တ်စားတတ်သူဖြစ်သလို မြန်မာဝတ်စုံလေးနဲ့လည်း ပရိသတ်တွေရဲ့နှလုံးသားကို တုန်ခါစေသူဖြစ်ပါတယ်။

သူမကတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် IR ဌာနရဲ့ အလှဘုရင်မအဖြစ် ရွေးချယ်ခံထားရသူပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ သဉ္ဇာကို ၀န်းရံနေကြသူတွေ အများအပြားရှိလို့နေပြီ။ သဉ္ဇာရဲ့ ချစ်စရာပါးမို့မို့လေးနဲ့ အပြုံးလေးတွေက အစ်မဖြစ်သူ ၀ါဆိုမိုးဦးနဲ့ချွတ်စွတ်တူပြီး သဉ္ဇာက ၀ါဆိုထက် အသက် (၆)နှစ်ငယ်တယ်လို့လည်း သိရပါတယ်။

source : Thinzar Tz