မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ လူမှုကွန်ရက်မှာ အမြဲတမ်းအဆက်အသွယ် ရှိနေသူပါ။ သားလေးရဲ့ ပုံရိပ်တွေကိုပရိသတ်တွေကို မျှဝေလေ့ရှိပြီး အခုဆိုရင်တော့ သဉ္ဇာနွယ်ဝင်းရဲ့ အမာခံပရိသတ်တွေမှာ နောက်ထပ် အားပေးစရာ သားသားလေးပါ တိုးနေပါပြီ။
သဉ္ဇာကတော့ သားသားလေးကို ချစ်စနိုးနဲ့ မက်မွန်သီးလေးလို့ ခေါ်ပါတယ်။ချစ်စရာ သားသားရဲ့ ဗီဒီယိုဖိုင်က မတ်လ (၁၉)ရက်နေ့တုန်းက fb မှာ တင်ခဲ့ပါတယ်။အဲ့ဒီဗီဒီိယိုဖိုင်ကိုတော့ အခုဆိုရင် ၀င်ကြည့်တဲ့သူ (113K Views ) တောင် ရှိခဲ့ပါတယ်။သားသားလေးက သူ့ကို ချီအောင် ချောင်းဆိုးချင်ယောင်ဆောင်ပြနေပုံလေးပါ။ဗီဒီယိုရဲ့ Caption မှာတော့..
“ချောင်းဆိုးချင်ယောင်ဆောင်ပြနေတယ် သူ့ကိုချီအောင်လို့ ဂျလည်လေး..” ဆိုပြီး တင်ထားပါတယ်။
ချောင်းဆိုးချင်ယောင်ဆောင်ပြနေတယ် သူ့ကိုချီအောင်လို့ ဂျလည်လေး😂
Posted by Thinzar Nwewin on Monday, March 19, 2018
from thinzar Nwe Win’s fb