သဉ္စာနွယ်ဝင်းကတော့ သားလေးရဲ့ ဓါတ်ပုံအသစ်လေးတွေကို တင်လိုက်ပါတယ်။ သားလေးက အဖေတူ၊ အမေတူ ဖြူဖြူဖွေးဖွေးလေးမို့ မွေးခါစတည်းက ပရိသတ်တွေရဲ့ အချစ်ကိုခံခဲ့ရပါတယ်။ သားလေးရဲ့ ပုံလေးတွေကိုလည်း သဉ္စာနွယ်ဝင်းက သူမရဲ့ fb ပေါ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။

သဉ္စာနွယ်ဝင်းဟာ သားလေးကို သဘာဝအတိုင်း ရိုးရိုးပဲ မွေးခဲ့တာပါ။ (၇.၁၁.၂၀၁၇)မှာ မွေးခဲ့တာပါ။ အသက်ကေ တာ့ တစ်လတောင် မပြည့်သေးပါဘူး။

 

မင်္ဂလာဆောင်တဲ့အချိန်တုန်းကလည်း ဝေဖန်မှုတွေကြုံခဲ့ရတဲ့ သဉ္စာနွယ်ဝင်းဟာ ကိုယ်ဝန်ရတဲ့အချိန်၊ မွေးပြီးတဲ့အချိန်ထိပါ လူတစ်ချို့ရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ သားလေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတဲ့ လူတစ်ချို့အပေါ်သဘောထားနဲ့ပတ်သက်ပြီး Myanmar Cele 7 ရဲ့ အင်တာဗျူးတစ်ခုမှာ…ဝေဖန်ပြောဆိုတာတွေနဲ့ပတ်သက်ပြီး ကိုယ့်ဘ၀ကိုယ် အရမ်းကျေနပ်နေတဲ့အတွက် ဘာမှ မဖြေရှင်းချင်တော့ကြောင်း၊ ဝေဖန်ခံရတဲ့အခါမှာ ပျော်ရတာလေးတွေကိုပဲ ပြန်တွေးလိုက်တယ်လို့ ဖြေခဲ့တာကို တွေ့ရပါတယ်။

from သဉ္စာနွယ်ဝင်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။