သဉ္ဇာနွယ်ဝင်းဟာ သားဦးရတနာလေးကို နိုဝင်ဘာ(၇)ရက်နေ့က အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။ ကလေးလေးကိုတော့ ခွဲမမွေးပဲ သဘာဝအတိုင်း ရိုးရိုးပဲ မွေးခဲ့တာပါ။ ဝိတိုရိယဆေးရုံကြီးမှာပဲ မွေးဖွားလိုက်တာပါ။

ကလေးလေးမွေးပြီး နိုဝင်ဘာ(၇)ရက်နေ့ ည(၈)နာရီကျော်လောက်မှာတော့ သဉ္ဇာနွယ်ဝင်းက ကျေးဇူးတင်စကားဆိုထားတဲ့ post တစ်ခုတင်ခဲ့ပါတယ်။ အဲဒီ Post မှာတော့ ၀ိတိုရိယဆေးရုံနဲ့ My Dream wedding ကို ကျေးဇူးတင်ကြောင်းအပြင်…

“အားရှိအောင် တောက်လျှောက်အားပေးတဲ့ခင်ပွန်း Steven Hla အတွက် သားလေးကို သဘာဝအတိုင်းမွေးပေးခွင့်ရတဲ့အတွက်လည်း အရမ်းပျော်ရွှင်မိတယ်။ သဉ္ဇာတို့မိသားစုလေးကိုကောင်းသော ဆုတောင်းချင်းများ ဆုတောင်းပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်..” ဆိုပြီး တင်ထားပါတယ်။

သားလေးမွေးပြီးပြီးချင်းမှာတော့ စတီဗင်လှက ဇနီးဖြစ်သူကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ fb ပေါ်မှာ ခုလိုလေး ရေးထားပါတယ်။

““My lovely wife you are really very strong. I know really not easy for you but you really did it. Really proud of you love you and love our lovely son.Thank you for everything ❤️❤️ ” ဆိုပြီး တင်ထားပါတယ်။ ရင်သွေးလေးမွေးပေးအတွက် “ကျေးဇူးတင်ပါတယ်” လို့ ခင်ပွန်းသည်ဆီက ရလိုက်တဲ့ အသိအမှတ်စကားဟာ မိန်းကလေးတွေကို တကယ့်ကို ကြည်နူးဝမ်းသာသွားစေတဲ့ စကားလေးပါ။

from သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။