ပရိသတ်အသဲကျော် မင်းသမီးချော သဉ္ဇာနွယ်ဝင်း ကတော့ လတ်တလောမှာ သူမရဲ့ကိုယ်ဝန်ကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလအမှားတွေကို ပြန်ဖြေရှင်းလိုက်ပါတယ်။ ဖေဖော်ဝါရီ (၁)ရက်က သူမတို့ရဲ့ မင်္ဂလာသက်တမ်း (၁)နှစ်ပြည်နေ့လေးမှာ လက်မထပ်ခင် ကိုယ်ဝန်ရှိတယ်ဆိုတဲ့ ကောလာဟလအမှားတွေအပေါ် ပေါက်ကွဲလာခဲ့ပါတယ်။

သဉ္ဇာနွယ်ဝင်းက ဒီကောလာဟလအမှားတွေကို သူမရဲ့ လူမှုကွန်ရက်ပေါ်ကနေ အခုလို ပေါက်ကွဲလိုက်ပါတယ်။ “မနှစ်က ဒီနေ့မှာ ရုံးတက်လက်မှတ်ထိုးပါတယ် … ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ မင်္ဂလာဆောင်ပါတယ် … အိမ်ထောင်ကျပြီး ကိုယ်ဝန်တမ်းရလို့ ကိုးလလွယ်ပြီး သားလေးကိုမွေးတာ အခုနှစ်လကျော်ပါပြီ…”

ဆက်လက်ပြီး သူမက “သဘာဝအတိုင်းမွေးတာဖြစ်လို့ နေ့စေ့လစေ့မွေးထားတာကို အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိတာလားဆိုတဲ့လူတွေ လက်ဆယ်ချောင်းထောင်ပြီး သူငယ်တန်းကလေးလို အချိန်ပြန်တွက်ကြည့်ပြီးမှ ကလေးက အိမ်ထောင်မကျခင် ကိုယ်ဝန်ရတာလားဆိုတာ ဝေဖန်ကျပါ။ ခေတ်မှီတာနဲ့ ခေတ်ဆန်တာနဲ့မတူဘူး။ ကျမက ခေတ်ပဲမှီရင်မီမယ် ခေတ်မဆန်ဘူး။”  ဆိုပြီး ရေးထားတာဖြစ်ပါတယ်။

လက်ရှိမှာ သဉ္ဇာနွယ်ဝင်းက ချစ်ရတဲ့ခင်ပွန်းနဲ့ သားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ အသံဝဲ၀ဲလေးနဲ့ချစ်စရာမျက်နှာလေးကြောင့် အိမ်ထောင်ကျသွားခဲ့တောင် ပရိသတ်တွေရဲ့အချစ်ကို ခံနေရဆဲပဲဖြစ်ပါတယ်။ သူမက အိမ်ထောင်ပြုပြီးကတည်းက အနုပညာအလုပ်ကနေ နုတ်ထွက်သွားခဲ့သူဖြစ်လို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

source : Thinzar Nwe Win