လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေတဲ့ အဆိုတော် ချမ်းချမ်းနဲ့ သင်ဇာအောင်တို့ရဲ့ နှစ်ဦးကြားကိစ္စက စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။ သင်ဇာအောင်က Facebook ပေါ်မှာ မြန်မာဝတ်စုံတွေကို ၀တ်ဆင်ရင်း Facebook Cele တစ်ယောက်ဖြစ်လာခဲ့သူပါ။

သင်ဇာအောင်ဟာ တစ်ခါတစ်လေ သူမက သူမပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားတွေ ပြောနေတတ်သူပဲဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ သူမ Live လွှင့်ရင်းနဲ့ အဆိုတော်ချမ်းချမ်း ဂေါ်ရင်ဂျီကျွန်းမှာ အပန်းဖြေနေခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ စကားတချို့ကြောင့် ချမ်းချမ်းကလည်း အခုလို တုန့်ပြန်စာရေးခဲ့လိုက်ပါတယ်။

ချမ်းချမ်းတုန့်ပြန်လိုက်တာနဲ့ပတ်သက်ပြီး သင်ဇာအောင်ကလည်း သူမရဲ့ Live ကို ပြန်ဖျက်ခဲ့ပြီး အခုလိုပြန်ပြီး တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် ချမ်းချမ်းရဲ့ ပရိသတ်အချို့က မကျေနပ်ဘဲ သင်ဇာကျော်ကို ခပ်ကြမ်းကြမ်း ထင်မြင်ချက်တွေ ပေးနေကြသေးတဲ့အပေါ် ခံစားသွားခဲ့ရလို့ သူမက အခုလို Live လွှင့်ပြီး ထပ်တောင်းပန်ခဲ့ပါတယ်။ သင်ဇာအောင်ကတော့ တောင်းပန်ရင်းနဲ့ စိတ်ခံစားမှုတချို့ကြောင့်ပြောရင်း မျက်ရည်တွေ ကျလာခဲ့ပါတယ်။ သင်ဇာအောင်ကို သူမရဲ့ပရိသတ်တွေကလည်း နှစ်သိမ့်ပေးခဲ့ကြပါသေးတယ်။

အားလုံးကို တောင်းပန်ပါတယ်..တောင်းပန်ပါတယ်

Posted by Thin Zar Aung on Thursday, January 25, 2018

သူမရဲ့ Live ထဲမှာတော့ ချမ်းချမ်းဟာ သူမရဲ့အကြိုက်ဆုံးအဆိုတော်တစ်ယောက်ဖြစ်ကြောင်း၊ သူမ မထင်မှတ်ဘဲပြောလိုက်မိတဲ့ စကားတချို့ကြောင့် ထိခိုက်သူတွေကို တောင်းပန်ကြောင်း၊ ချမ်းချမ်းရဲ့ပရိသတ်တွေကိုလည်း တစ်ယောက်ချင်းစီ တောင်းပန်ပါတယ်လို့ ဆိုခဲ့ပါတယ်။

source : Thinzar Aung