မြန်မာပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေတဲ့ သရုပ်ဆောင် မင်းသမီးချော သက်မွန်မြင့်တစ်ယောက်ကတော့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားအတွက် မေမြို့ကို သွားရောက်ရိုက်ကူးရတော့မှာပဲဖြစ်တယ်။ သူမရဲ့ facebook page မှာ အိမ်ကနေတောင် မထွက်ရသေးဘူး လွမ်းသလိုလိုနဲ့ ငိုချင်နေတယ် ဆိုပြီး သားသားနဲ့ မီးမီး ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ သရုပ်ဆောင် အလုပ်ကို မစွန့်လွှတ်နိုင်သေးတာကြောင့်ရော ရုပ်ရှင်မရိုက်ပဲနဲ့လည်း မနေနိုင်တာကြောင့် မေမြို့ကို ရုပ်ရှင်ရိုက်ကူးဖို့ သွားရတော့မှာပဲဖြစ်တယ်။

သူမရဲ့ facebook page မှာ “အိမ်ကနေ တဖဝါးမှ မခွာရသေးဘူး လွမ်းသလိုလို ငိုချင်နေတယ်.. ကိုယ်မှ မစွန့်လွှတ်နိုင်တာ ရုပ်ရှင်မရိုက်ပဲမှ မနေနိုင်တာ နယ်မရိုက်သေးပါဘူးလို့ တင်းနေပေမယ့် အလုပ်လုပ်တာပဲ လိုအပ်ရင် သွားရမှာပေါ့
မသွားခင် အလွမ်းသယ်ပေါ့ (ဗိုလ်နေတိုး ရုပ်ရှင်အတွက် မေမြို့သို့) ” ဆိုပြီး စာနဲ့ ပုံတွေကိုတင်ထားတာပဲဖြစ်တယ်။ မိသားစုကို လွမ်းရတော့မယ့်စိတ်နဲ့ တစ်ဖက်က ပရိသတ်တွေအတွက်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်ရတာပဲဖြစ်တယ်။ သက်မွန်မြင့်ရဲ့ မိသားစုနဲ့ သားသား၊ မီးမီး နဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ 

source : Thet Mon Myint’s facebook page