ချစ်သက်ဆိုပြီး အားလုံးက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ကတော့ မြန်မာပြည်ရဲ့ ထိပ်တန်း မင်းသမီးတွေထဲက တစ်ယောက်ပါ။ အေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး စကားပြောတဲ့ အခါမှာ ရိုးသားအေးဆေးသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေရသူလေးပါ။ မြန်မာစကား ပီပီသသမပြောတတ်တဲ့ မင်းသမီးငယ်ေ လးဘ၀ကနေ အခုအကယ်ဒမီ မင်းသမီးကြီးဖြစ်လာတဲ့အထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူပါ။

 

အောင်မြင်နေတဲ့ အနုပညာရှင်ဆိုတာကလည်း တခြားသာမန်လူတွေလို လူထဲကလူပဲမို့ သူတို့မှာလည်း ခံစားရတဲ့ ခံစားချက်တစ်ချို့ရှိပါတယ်။ အကောင့်ပိုင်ရှင် (Aye Aye Myo Set )က Deception အဖွဲ့သားတွေကို စင်္ကာပူ ပရိ သတ် တွေ ကြိုဆိုတဲ့ အကြောင်းလေးကို အစချီကာ တစ်ဖက်မှာလည်း ပရိသတ် ချစ်တဲ့အနုပညာရှင်တစ်ယောက်  တစ်ဖက် မှာလည်း မိမိရင်သွေးကို ချစ်တဲ့ မိဘတစ်ယောက်ဖြစ်နေတဲ့ အနုပညာရှင်တွေရဲ့ ခံစားချက် တွေကို ရင်ဖွင့် ထားပါ။အဲ့ဒီ Post ကို သက်မွန်မြင့်က ရှယ်ထားပြီး…..

“ကိုယ်ပြောချင်ပေမယ့် ပြောမထွက်တဲ့ စကားတွေ!
အနုပညာရှင်များဟာ ကိုယ်အမူရာ နှုတ်အမူရာ သိပ်ဆင်ခြင်ရပါတယ်..
ဒီတိုင်း ကွကိုယ်နေရင်တောင် မာနကြီးတယ် အပြောခံရတာပါ..
ကိုယ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ ထိန်းချုပ်နိုင်ပေမယ့် ကလေးနဲ့ပတ်သက်ရင် သာမန်မိဘတွေရဲ့ခံစားချက်တွေထက် မလျော့တဲ့စိုးရိမ်မှုတွေနောက်မှာ မပြောရဲ မတားရဲတဲ့ခါ ရင်ထဲမှာ မိဘကောင်းမပီသဘူးဆိုတဲ့ ခံစားချက်နဲ့အတူ နာကျဉ်ရပါတယ်😢😢😢

သက်မွန်အနေနဲ့ သာမန်လူလို သိပ်ဖြစ်ချင်တဲ့ အချိန် ၂ ချိန်ရှိပါတယ်..
တချိန်က – ဘုရားဖူး ဘုရားရှိခိုးတဲ့ချိန်ပါ… ဘုရားကို အာရုံပြုပြီး အေးချမ်းစွာ ဘုရားစာရွတ် ဆုတောင်းချင်ပါတယ်..
နောက်တချိန်က- ကလေးတွေနဲ့ နေတဲ့အချိန်ပါ..
စိတ်မဖုပဲ နားလည်ပေးနိုင်ကြပါစေနော်
ချစ်တယ်💛💛💛💛…” ဆိုပြီး တင်ထားပါတယ်။ပရိသတ်ချစ်တဲ့ အနုပညာရှင်ဆိုတာကလည်း မိဘတစ်ယောက် ဖြစ်တာ မို့ ပရိသတ်တွေကလည်း သူမရဲ့ ခံစားချက်ကို နားလည်ကြောင်း Comment တွေ မှာ ၀င်ရေး ထားတာကို တွေ့ရပါတယ်။

from သက်မွန်မြင့်ရဲ့fb