သက် မွန်မြင့်က တော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီးတွေ ထဲက တစ်ယောက်ပါ။အသက် ၃၈ နှစ် ရှိ နေတဲ့ သူမက တော့ အခုထိ လည်း ပရိသတ် တွေ ရဲ့ ချစ်ခင် အားပေးမှုကို အပြည့် အ၀ ရ ရှိ ထားစဲပါ။အကယ်ဒမီ နှစ်ကြိမ် တိုင် တိုင် ရခဲ့ဖူးပါတယ်။အာဒံရယ်၊ဧ၀ရယ်၊ဒသ ရယ် ဆိုတဲ့ ရုပ်ရှင်ကားနဲ့ တစ်ကြိမ် ၊ချစ်လှစွာသော အမုန်း ဇာတ်ကား နဲ့ တစ်ကြိမ် နှစ်ကြိမ် ရရှိခဲ့တာပါ။ဇာတ်ကား နှစ်ကား လုံးက တော့ ဒါရိုက်တာ ၀ိုင်း ရိုက်တဲ့ ဇာတ်ကားတွေပါ။ အာဒံရယ်၊ဧ၀ရယ်၊ဒသ ရယ် မှာ တော့ ပြေတီဦး၊စိုင်း စိုင်း လမ်းလှိုင် တို့ နဲ့ ပါဝင် ထားတာပါ။ဒုတိယ ကား ချစ်လှစွာ သော အမုန်းမှာတော့ အောင်ရဲ လင်း၊၀တ်မှုံ ရွှေရည် တို့ နဲ့ အတူတူ သရုပ် ဆောင်ထားတာပါ။

 

View this post on Instagram

 

A post shared by Thet Mon Myint (@thet_monmyint)

ပရိသတ်တွေ က ချစ်စနိုးနဲ့ ချစ်သက် လို့ ခေါ်တဲ့ သက်မွန်မြင့်ရဲ့ ဇာတ်ကားတွေ အများကြီးထဲက မှ ပရိသတ် တွေ အတွက် ကား ကောင်း တစ်ချို့ကို ညွှန်း ပေးချင် ပါတယ်။ပထမဆုံး ဇာတ်ကား က တော့ ဆိုင်းကြိုက်တဲ့ မောင် ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားက တော့ ၂၀၁၈ က ထွက်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးပါ။ဒီဇာတ်ကားက တော့ ဟာသ ကြိုက်သူတွေ ရွေးချယ်သင့်တဲ့ ဇာတ်ကားပါ။ပါဝင် ထားတဲ့ သရုပ်ဆောင် တွေ ကေ တာ့ သက် မွန်မြင့်၊မြင့် မြတ် ၊ခင်လှိုင်၊ဒိန်း ဒေါင် တို့ ပါ။ဆိုင်းသံ ကြား ရင် မက ရ မ နေနိုင် တဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့် တို့ ဆီကို ဘယ်က မှန်းမသိတဲ့ လူကြီး တစ်ယောက် ရောက်လာခဲ့ပါတယ်။ဒါပေမယ့် ခင်လှိုင်နဲ့ ဒိန်း ဒေါင် တို့ က တော့ အဲ့ဒီ လူကို သဘောမကျ ခဲ့ပါဘူး။သူတို့ ကြား ဘယ်လို အလွဲ တွေ ဆက်ဖြစ် မလဲ ဆိုတာက တော့ ဇာတ်ကားကို ကြည့်ရမှာပါ။

 

View this post on Instagram

 

A post shared by Thet Mon Myint (@thet_monmyint)

နောက်ထပ် တစ်ကားက တော့ လက်စားချေ နတ်သမီး ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကား က တော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူး တာပါ။ဒီဇာတ်ကားမှာတော့ သက် မွန်မြင့်၊ဖြိုး ငွေ စိုး၊နန်းစုဦး ၊သြဘာ တို့ က အဓိက သရုပ်ဆောင် တွေ အဖြစ် ပါဝင် ထားကြပါတယ်။ဇာတ်ကားအကျဉ်းက တော့ ဗစ်ကီ၊ပိုးနဲ့ လေးနက် တို့ က သူငယ်ချင်းေ တွ ပါ။ပိုးနဲ့ လေး နက် တို့က တော့ ချစ်သူတွေ ပါ။လက်စားချေ နတ်သမီးရဲ့ နတ်ကွန်းကို ရောက်ပြီး နောက် သူတို့ သုံးယောက်ရဲ့ ကံ ကြမ္မာ ဘယ်လို ပြောင်းလဲ မလဲ ဆိုတာကို ဒီဇာတ်ကား ထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။

Image:Fb/Viu Myanmar

နောက်ဆုံး ကားက တော့ စေတန်ရဲ့ ကချေသည်ပါ ။ဒီဇာတ်ကားက တော့ ဒါရိုက်တာ ၀ိုင်းရိုက်ကူးထားတာပါ။နေတိုး၊စည်သူမောင်၊ဇင်ဝိုင်း၊သက်မွန်မြင့်၊ဟဲဗီးဖြိုး၊ယွန်းယွန်း တို့ ပါဝင် ထားကြပါတယ်။ဇာတ်ကားအကျဉ်းက တော့ ယောမင်းက ပိုက်ဆံချမ်းသာပြီး မိဘမဲ့ တစ်ကောင်ကြွက် ကြွေ ရုပ်ကို သူ့ အနားမှာ ခေါ် ထားပါတယ်။အနိုင်ကျင့်ပြီး အနား မှာ ခေါ် ထားတဲ့ ယောမင်းရဲ့ အနားက နေ ကြွေရုပ်က ထွက်ပြေး ချင် နေပေမယ့်လည်း နောက်ဆုံး လက်ထပ်ဖို့ အတိ တွန်းအားပေးခံလာရတဲ့ အခါ….။ဒီဇာတ်ကားလေး က တော့  ပရိသတ်တွေ အရမ်းကို ကြိုက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။

Image:Fb/Viu Myanmar

ဆိုင်းကြိုက်တဲ့ မောင် ၊ လက်စားချေ နတ်သမီး နဲ့ စေတန်ရဲ့ ကချေသည် ဆိုတဲ့ ဇာတ်ကား တွေ ကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကွောငျ့ Viu app ကို ဒီနရောမှာ ဒေါငျးလုဒျရယူလိုကျပါ။

Image:Fb/Viu Myanmar

#CELENOW