အားလုံးက ချစ်သက်ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပည ရှင် Life တင်မဟုတ်ဘဲ Family Life မှာပါ အောင်မြင်နေသူလေးပါ။ ကြင်နာတတ်ပြီး နားလည်မှု အပြည့်အ၀ပေးထားတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားသူပါ။

သမီးလေး လ၀န်းမေကလည်း  အသက်တစ်နှစ်ပြည့်သွားတာ သိပ်မကြာသေးပါဘူး။ တစ်ဖက်မှာလည်း ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် တာဝန်ကျေအောင်နေနေရသလို တစ်ဖက်မှာလည်း မိခင်တစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေရပါတယ်။ တစ်ချို့ ပွဲတွေဆိုရင် ကလေးတွေ နေမကောင်းလို့ ပျက်ကွက်မိခဲ့တာတွေအတွက်လည်း ချစ်သက်က သူမရဲ့ fb ကတစ်ဆင့် ပရိသတ်တွေကို တောင်းပန်ခဲ့တာတွေလည်း ရှိပါတယ်။

 လုပ်ချင်တာတွေ အရမ်းများပေမယ့် တစ်ဖက်မှာလည်း ကိုယ်တိုင်က မိခင်တစ်ယောက် ဖြစ်နေတော့ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေပါတယ်။ ဒါကြောင့် ချစ်သက်က အချိန်တွေရှားပါးနေလို့ ကလေး လာထိန်းပေးပါလားဆိုပြီး ဟာသနှောတဲ့ post လေးကို တင်ထားပါတယ်။

“တင်ချင်တဲ့ပုံတွေရယ်
ရင်ထဲက ပြောချင်တဲ့ စကားလေးတွေရယ်
ဖွင့်ချချင်တဲ့ ခံစားချက်လေးတွေရယ်
သိပ်ကိုများပေမယ့် အချိန်က ရှားပါးနေတယ်ကွယ်
ကလေး လာထိန်းပေးကြပါလားဟင်…” ဆိုပြီး တင်ထားတာပါ။ Post အောက်မှာတော့ သူတို့ချစ်တဲ့ မင်းသမီးကို ကူညီပေးချင်တဲ့ ပရိသတ်တွေအများကြီးကို တွေ့ရပါတယ်။

from သက်မွန်မြင့်ရဲ့ fb