မင်းသား သူရိယနဲ့ မင်းသမီးချော ဆုအိမ့်စံတို့ ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေ အားကျကြတဲ့၊ အနုပညာစုံတွဲလေးလည်းဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ချစ်သူဘ၀ကို ဖြတ်သန်းနေကြပါတယ်။ ဒီကနေ့ (၂၂)ရက်နေ့ကတော့ သူတို့ စုံတွဲလေးရဲ့ ချစ်သူသက်တမ်း (၁)နှစ် ပြည့်သွားတဲ့ ကြည်နူးစရာနေ့လေးဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့ချစ်သူနှစ်ယောက်စလုံး ငွေဆောင်ကမ်းခြေကို သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေထွက်နေကြတာပဲဖြစ်တယ်။

သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ ချစ်သူသက်တမ်း (၁)နှစ်ပြည့်လေးကိုလည်း ငွေဆောင်ကမ်းခြေမှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။ ပရိသတ်ကြီးတွေအတွက် သူတို့ချစ်သူနှစ်ယောက်ရဲ့ ကမ်းခြေရောက် ပျော်ရွှင်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Thuriya & Hsu Eaint San’s fb