မင်းသားသူရိယနဲ့ မင်းသမီးချော ဆုအိမ့်စံတို့ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ လတ်တလောမှာ သူတို့နှစ်ယောက်ရဲ့ (၁)နှစ်ပြည့် အထိမ်းအမှတ်နေ့လေးကိုတော့ ငွဆောင်ကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။

သူတို့ရဲ့ ချစ်သူသက်တမ်း (၁)နှစ်ပြည့်အမှတ်တရအဖြစ် နှစ်ယောက်အတူ အလှူလေးတစ်ခု လှူဒါန်းခဲ့ကြပါသေးတယ်။ ချစ်သူသက်တမ်း နှစ်ပတ်လည် အမှတ်တရအနေနဲ့ အ၀ါရောင်မျိုးဆက် လူငယ်ပရဟိတအသင်းမှာ မိဘမဲ့ကလေးများစောင့်ရှောက်ရေး ကျောင်းအတွက် အလှူငွေ (၂)သိန်း လှူဒါန်းခဲ့ပါတယ်။

သူတို့ရဲ့ Facebook ပေါ်မှာ အလှူနဲပတ်သက်ပြီး “ဒီနေ့အတွက် (၂)ယောက်အလှူပါ… (၇)ရက်သားသမီးအားလုံး ကုသိုလ် ထပ်တူထပ်မျှရပါစေ” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်နိုင်အောင် မျှဝေပေးထားပါသေးတယ်။

သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ယောက်ကတော့ အနုပညာလုပ်တာချင်းလည်း တူ၊ ၀ါသနာလည်း တူကြတဲ့အပြင် အချစ်ရေးမှာလည်း နားလည်မှု၊ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနေကြပါတယ်။

source : Hsu Eaint San