အချစ်ကို တန်ဖိုးထားသူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ညွှန်းပေးချင်ပါတယ်။ဒီဇာတ်ကားက တော့ “အခမ်းနား ဆုံး မေတ္တာ” ဆိုတဲ့ ဇာတ်ကား လေးပါ။သူဌေးနဲ့ အတွင်းရေးမှူးမလေးတို့ ရဲ့ အချစ်ကို ပုံဖော်ထားတဲ့ ရိုမန်တစ်ဟာသ ဇာတ်ကားလေးပါ။ဒီ ဇာတ်ကားမှာတော့  နေခြည်ဦးက အတွ င်းရေးမှူးမလေး လိပ်ပြာ ဆိုတဲ့ ဇာတ်ကောင် နေရာ ကေ န ပါဝင် ထားပါတယ်။ပရိသတ်ချစ်တဲ့ အကယ်ဒမီ မင်းသားချော နေတိုးက တော့ ဦးနိုင် ဆိုတဲ့ သူဌေးကြီး နေရာ က နေ ပါဝင် ထားပါတယ်။သူဌေးကြီး ဦးနိုင်နဲ့ အလွဲလွဲ အချော် ချော် လုပ်တတ်တဲ့ လိပ်ပြာ တို့ ကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတာပါ။

ဇာတ်လမ်း အကျဉ်းက တော့ အရောင်းဆိုင် တစ်ခုမှာ အလုပ်လုပ်နေတဲ့ လိပ်ပြာ နဲ့ သူဌေးကြီး ဦးနိုင်တို့ အမှတ်မထင် ဆုံ တွေ့ ခဲ့ ကြပါတယ်။ ဦးနိုင်က သူဌေး ဆိုတာ မသိပဲ အလွဲလွဲ အချော်ချော် တွေ ဖြစ်ခဲ့ပေမယ့် ဦးနိုင်က တော့ လိပ်ပြာကို သူ့ရဲ့ Stylist ၊PSO အဖြစ် လုပ် ဖို့ ကမ်းလှမ်း ခဲ့ပါတယ်။ထက်မြက် သွက် လက် ချက်ချာတဲ့ လိပ်ပြာနဲ့ တည်ငြိမ်သူ ဦးနိုင်တို့ ကြား က ချစ်ခရီးလမ်းက ဖြောင့် ဖြူး ပါ့မလား…

ဒီကြားထဲမှာ ဘယ်လို အခက်အခဲ တွေနဲ့ ရင် ဆိုင် ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ တွေ့ရ မှာပါ။ ဒီဇာတ်ကား ကိုတော့ ဒါရိုက်တာ ပွင့်သိင်္ဂီ မော် က ရိုက်ကူး ထားပြီး နေတိုးနဲ့ နေခြည်ဦး တို့က အဓိက သရုပ်ဆောင် တွေ အဖြစ် ပါဝင် ထားပါ တယ်။ဒါ့အ ပြင် ရဲအောင်၊စိုးမြတ်သူ ဇာ၊တိုင်ရွန်၊သူရိယ၊မေဘရဏီသော် တို့ လည်း ပါဝင်ထားပါတယ်။

Image:FB/7th Sense

“အခမ်းနား ဆုံး မေတ္တာ”  ကို တော့ Viu Myanmar App ကို Download လုပ်ပြီး ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင် Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေး ပေးစရာမလိုပဲ ကြည့်ရှုခွင့်ရမှာပါ။  ဒါကြောင့် Viu App ကို  ဒီနေရာမျာ download ရယူလိုက်ပါ။

#CELENOW