တစ်ချိန်တုန်းက ကောင်မလေးချောချောလေးတွေနဲ့ ဖွဲ့ထားတဲ့ No အဖွဲ့ကို ပရိသတ်ကြီးမှတ်မိကြအုံးမှာပါ။ရည်မွန်၊ရတနာနဲ့ သဇင် ဆိုတဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့ထားတာပါ။အဖွဲ့ပြိုကွဲသွားပေမယ့် သူတို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ကျန်နေ တုန်းပါ။ NO အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ သဇင်ကတော့ မြန်မာပြည်ကို ပြန်ရောက်နေပါတယ်။

ရင်သွေးလေးလွယ်ထားရတဲ့ သဇင်ကတော့ လက်တလောမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နား ထားပါ တယ်။သဇင်ကတော့ မတ်လ(၁၅)ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကုသိုလ်အလှူလုပ်ခဲ့ပါတယ်။အနုပညာတွေကိုတော့ ကလေးမွေးပြီးမှပဲ ဆက်လုပ်တော့မယ်လို့ သဇင်က ပြောထားပါတယ်။အလှူပုံလေးတွေကို သူမရဲ့ FB မှာ ဝေမျှပေးထားပါတယ်။

“သဇင်ရန်ကုန်ဆေရုံးကြီးမှာဒီနေ့လှူဒါန်းဖြစ်တယ်
ပရိသတ်ကြီးကပေးတဲ့အနုပညးကြေးတွေနဲ့ပါပဲ့
သဇင်အနုပညာကို သဇင် ကလေးမွေးပြီးမှပဲ့လုပ်ဖြစ်တော့မယ်ရှင့်
အခုတော့အနုပညာလှုပ်ရှားမူတွေရပ်နားထားတယ်ရှင့်..” ဆိုပြီး တင်ထားပါတယ်။

from သဇင်ရဲ့ fb