အမြဲနုပျိုနေလို့ ပရိသတ်တွေ အားကျရတဲ့ မော်ဒယ်သန္တာလှိုင်ကတော့ သူမရဲ့ လွန်ခဲ့တဲ့နှစ်လောက်က ပုံရိပ်တွေနဲ့ အခုလက်ရှိပုံရိပ်တွေကို ယှဉ်ကြည့်ပြီးတော့ အခုချိန်ထိ အရင်အတိုင်းပဲ နုပျိုလှပစေတဲ့ နည်းလမ်းတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ “ကျန်းမာချင်တယ် ဆိုရင်တော့ အစားအသောက်ကို လိုအပ်သလောက် မစားပဲ လေ့ကျင့်ခန်း ပုံမှန် မလုပ်ပဲ လူက လှပ ကျစ်လျစ်နေအောင် ထိန်းထားလို့ ရမယ့်နည်း ပေးပါလို့… ကျွန်မကို မေးနေသူများ ရှိပါတယ်။ …. ” တဲ့ ။

ဆက်လက်ပြီး ” ပြောချင်တာက ဖြစ်စဉ် ပျက်စဉ် အင်မတန် နှေးတဲ့ သံ သတ္ထုတို့နဲ့ တည်ဆောက်ထားတဲ့ ကားတို့ အိမ်တို့လို အရာဝတ္ထုမတွေတောင် လစဉ် နှစ်စဉ် ထိန်းသိမ်းနေရတာ မဟုတ်လား? ကားအကောင်း ဝယ်စီးရင်တောင် လောင်စာစီ အကောင်းစားကို ဈေးကြီးပေးပြီး ဝယ်ထည့်သေးတာပဲ မဟုတ်လား?  ကျွန်မတို့ ခန္ဓာကိုယ်က ဖြစ်စဉ်ပျက်စဉ် အင်မတန် မြန်တဲ့ cell တွေနဲ့ လုပ်ထားတာပါ။ ပြီးတော့ ကားတွေလို spare parts တွေ ဝယ်ပြီး လဲလို့ရတဲ့ ခေတ်ကိုလဲ မရောက်သေးပါဘူး။… ” တဲ့ ။ 

နောက်ပြီး “သူမက လူ့ဘဝသက်တန်း တစ်လျှောက်လုံး ဒီခန္ဓာကြီးတစ်ခုထဲနဲ့ ဆက်ပြီး လှူပ်ရှားရအုံးမှာ ဆိုတော့ service က နေ့တိုင်း ဝင်ရမှာပါ။ ဒါကြောင့် ကျွန်မသင်တန်းကိုတောင် T’s Workshop လို့ နာမည် ပေးထားတာ…. ရှောင်လွဲလို့ မရတဲ့ တာဝန်အရ ဒီခန္ဓာကြီးကို အပတ်စဉ် ထိန်းသိမ်းရကောင်းမှန်းသိတဲ့ လူတွေအတွက် ဝပ်လျှော့ လာထိုးဖို့ပါ…. “

ထပ်မံပြီး သူမက “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကျန်းမာရေး အသိတွေ မကြွယ်ဝခင်က အစားကို လျှော့စား၊ အချိန်မှန် မစား… တစ်ခါတစ်လေ မစားပဲနေ… အဲ့ဒါတွေနဲ့ လူက ပိန်ချောင်ပြီး တွဲလို့ တွန့်နေတဲ့ မျက်နှာ ကိုယ်လုံးနဲ့ ပုံတွေကို အရင်ကတော့ ကိုယ့်ကိုယ်ကိုယ် အသက် ၃၀ မှာ ဒီလာက်ကျန်တာ သိပ်မဆိုးပါဘူးလို့ လျှော့လျှော့ ပေါ့ပေါ့ တွေးပြီး ကျေနပ်နေခဲ့တာပေါ့။ အခုပုံနဲ့ ယှဉ်ကြည့်မှ OMG ငါ အဲ့ဒီတုန်းက တော်တော် အိုကျသွားတာပဲ ဆိုတာ သုံးသပ်မိတယ်။ အားလုံးလဲ ယှဉ်ကြည့်လို့ရအောင် မရှက်မကြောက် တင်ပေးပါမယ်။ ” တဲ့ ။

ဒါအပြင် သူမက  “ပြောချင်တာက လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ… အိပ်ရေးဝအောင် အိပ်ပါ…. ရေကို သေချာ များများသောက်ပါ…. စားသင့်တဲ့ သန့်ရှင်းတဲ့ အစာတွေစားပါ…. ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ လေ့လာပါ…..အစားချည်းလျှော့စားပြီး ပိန်အောင်ကြိုးစားလို့ မပိန်ပဲ လှသင့်သလောက် မလှလာတဲ့ ညီမလေးတွေ အမကြီးတွေကို အသိပေးချင်တာပါ။ ၁၀ စုနှစ် တစ်ခု ကွာသွားတဲ့ ကျွန်မကိုပဲ ကြည့်ပါလို့….လေ့ကျင့်ခန်း လုပ်ရင်တော့ လောင်စာဆီဖြစ်တဲ့ သန့်ရှင်းတဲ့ အစားအသောက်က လိုကို လိုအပ်ပါတယ်။ မစားပဲ မနေကြပါနဲ့လို့… နော် ” ဆိုပြီး စေတနာ နဲ့ မျှဝေပေးထားတာပဲဖြစ်ပါတယ်။

source : Thandar Hlaing