သန္တာလှိုင်ကတော့ သူမရေးတင်လိုက်တဲ့ Post တစ်ခုဟာ အတော်လေးကို လူပြောများနေပါတယ်။ ဝေဖန်ပြောဆိုသံတွေ အများကြီး ထွက်ပေါ်လာတော့ သူမရဲ့ Post နဲ့ပတ်သက်ပြီး သန္တာလှိုင်က fb ပေါ်မှာ အခုလို ပြန်ဖြေရှင်းခဲ့ပါတယ်။

“(မနေ့က ရေးလိုက်တဲ့ ဒီပို့စ်လေးကို ဖြူစင်တဲ့ စေတနာ စိတ်ထားနဲ့ ရေးထားပေမယ့်လဲ ညစ်ညမ်းတဲ့စိတ်နဲ့ ဖတ်မယ်ဆိုရင်တော့ အောက်မှာ တွေ့ရတဲ့ ကောင်မင့်တွေမြင်ရမှာပါ။ ကျွန်မရဲ့ စေတနာကို နားလည်သူများကတော့ ကျွန်မ ဆိုလိုချင်တဲ့ ဖြူစင်တဲ့ အဓိပ္ပါယ်ကို သိကြပါတယ်။

အကြင်နာတွေနဲ့ ထိတွေ့တဲ့ Affection ဆိုတာကို သေချာ ရှင်းမပြလိုက်တော့ အချို့ စာဖတ်သူများကအဓိပ္ပါယ်ပေါက်လွဲသွားပြီး တဏှာနဲ့ ထိတွေ့တဲ့ စိတ်မျိုးနဲ့ပဲ စဉ်းစာပြီးတော့ ညစ်ညစ်ညမ်းညမ်းကော်မင့်နဲ့ ဝေဖန်မှူတွေ ဖတ်နေရတော့ ကိုယ်အရေးအသားလိုသွားလို့ဆိုတာ သတိရလိုက်တယ်။ ဒါကြောင့် ဒီစာပိုဒ်လေးကို ထပ်တိုးရေးလိုက်တာပါ။

ကျွန်မဟာ အရင်က အခုလို အေးချမ်းတဲ့ အကြင်နာတွေ မရခဲ့ပါဘူး။ အလိုရှိချိန်ကျမှရတဲ့ အထိအတွေ့ကိုလဲ သည်းခံလို့ မရပါဘူး အမျိုးသမီတိုင်းလဲ ကြင်နာတဲ့ အချစ်တွေနဲ့ ပိုက်ထွေး ယုယတာပဲ ခံချင်ကြမှာပါ သူလိုလျင်တာ ရှိမှ လာပြီး ထိတွေ့တာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။
အခုတော့ တဏှာမပါပဲ ချစ်မေတ္တာသက်သက်နဲ့ မိန်းမကို ချစ်လွန်းလို့ ဘေးနားမှာ ကြင်နာမှူတွေ အမြဲ ပေးနေတဲ့ ခင်ပွန်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီစာလေးကို ရေးဖြစ်သွားတာပါ။ )
Photo credit @tharaphi Tmw

မနက်စာကို ဒီမနက် မိန်းမလုပ်ပေးတဲ့ French toast မှ စားချင်တယ် ဆိုပြီး ချော့ခိုင်းနေတော့လဲ အားကို မအားဘူး လုပ်ပေးနေရတာကို ပျော်နေတာလေ…

အိမ်ထောင်ရေး အောင်မြင်တဲ့ အမတစ်ယောက်က ပြောဖူးတယ် မိန်းကလေးဆိုတာ အိမ်တွင်းမှူ အချက်အပြုတ် အပြုအစုကောင်းယုံနဲ့ အိမ်ထောင်ရေး သာယာမှုက မပြည့်စုံသေးဘူးနော်တဲ့…

ကျွန်မက အမြဲ အချိန်ပြည့်အကြင်အနာတွေ လိုချင်နေတဲ့ မိနိးကလေး ဆိုတော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေရင်တောင် ဆွဲဆောင်မှူ အပြည့် ရှိနေအောင် နေရတာ အိမ်ထောင်တာဝန်လို့ ယူဆပါတယ်

(ကျွန်မဆိုလိုချင်တာက အမြဲ အချစ်ခံချင်နေတော့ အမြဲချစ်စရာ ကောင်းနေမှ ကိုယ့်ယောက်ကျားက အမြဲ အနားမှာရှိနေပေါ့ နော်)

Note : ဒါကျွန်မရဲ့ ယောက်ကျားထိန်းနည်း မဟုတ်ပါရှင်၊ ထိန်းစရာ မလိုအောင် သိတတ်သော ယောက်ကျားကို ရရှိထားလို့ အချိန်ပြည့် ထိတွေ့ ချင်နေတဲ့ သူ့ကို ပြုစုတာပါ။ ထိန်းမရတဲ့ ယောက်ကျားက ဘာလုပ်ပေးပေး မရပါဘူး….” ဆိုပြီး ပြန်ဖြေရှင်းထားပါတယ်။

from သန္တာလှိုင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။