ချစ်စရာကောင်းတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်တဲ့ သံသာဝင်းနဲ့ အနဂ္ဂတို့ကတော့ သူတို့ရဲ့ သမီးဦးရတနာလေးကို နိုဝင်ဘာလ(၂၇)ရက်၊ နေ့လည်(၁၂)နာရီ၊ (၁၄)မိနစ်အချိန်မှာဖွားမြင်ခဲ့ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ (၇)ပေါင်နဲ့ (၅)အောင်စ ရှိတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလ ပထမအပတ်မှာမွေးဖွားမှာဖြစ်မယ်လို့ သတင်းတွေရှိခဲ့ပေမဲ့လည်း နိုဝင်ဘာလနောက်ဆုံးအပတ်မှာ ကျန်းကျန်းမာမာနဲ့ အောင်မြင်စွာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သံသာဝင်းနဲ့ အနဂ္ဂတို့ဟာ မွေးဖွားလာမယ့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေများစွာကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Source: Than Thar Win facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။