ဒါရိုက်တာ ၀ိုင်းရဲ့နောက်ထပ်လက်ရာဇာတ်ကားတစ်ခုကတော့ ပရိသတ်တွေရှေ့ကို မကြာခင် ရောက်ရှိတော့မှာပါ။ ဇာတ်ကားပိုစတာတွေနဲ့တင် ပရိသတ်စိတ်ဝင်စားမှုကို ရခဲ့တဲ့”တာတေကြီး” ဇာတ်ကားရဲ့ trailer ထွက် ရှိလာခဲ့ပါပြီ။ ဒီဇာတ်ကားမှာတော့ မင်းသားနေတိုးက မိန်းကလေးအ၀တ်အစား၊gay ပုံစံမျိုးနဲ့ တွေ့ရမှာပါသရဲကားတစ်ကားဖြစ်သလို တာတေ ဆိုတဲ့ Gay တစ်ယာက်ရဲ့ ဘ၀ ကိုဖော်ပြထားတဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

“တာတေကြီး” ဟာ အိန္ဒိယရုပ်ရှင် Kanchana ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားတာပါ။ဒါရိုက်တာ ၀ိုင်းက လည်း အစောကြီး တည်းက ဒီကားဟာ ကော်ပီကားပါလို့ ပွင့်ပွင့်လင်းလင်း ပရိသတ်တွေကို အသိပေးထားပါတယ်။

“တာတေကြီး” ရုပ်ရှင်ဇာတ်ကားရဲ့ အထူးပွဲကိုတော့ နိုဝင်ဘာ(၃)ရက်နေ့က ပြသခဲ့ပါတယ်။အထူးပွဲ ပုံရိပ်တွေ၊ပွဲ သို့ တက်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုတော့ “တာတေကြီး” ရဲ့ fb မှာ live လွှင့်ခဲ့ပါတယ်။ဇာတ်ကား ကိုတော့ (၁၇.၁၁.၂၀၁၇) (သို့) (၂၄.၁၁.၂၀၁၇) မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကိုတော့ အကယ်ဒမီ luck ရှိတဲ့ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးထားပြီး မင်းသား နေတိုးက အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။တခြားသရုပ်ဆောင်တွေ အနေနဲ့ကတော့ ရွှေသမီး၊ဇော်ဦး၊လူမုန်း၊အောင်မိုး၊ကိုကိုဦး ၊နွဲ့နွဲ့စမ်း၊သိဂီင်္ထွန်းတို့ ပါဝင်အားဖြည့်ထားပါတယ်။မင်းသားနေတိုးအတွက် အကယ်ဒမီ ကားလို့လည်း ပရိသတ်တွေ ရဲ့ ထင်ကြေးပေးခြင်းကို ခံနေရတဲ့ ဇာတ်ကားပါ။

ကဲ…တာတေကြီး ပရိသတ်ကြီးရဲ့အဖြေကတော့ Trailer ပါတဲ့..နော် နောက်ထပ်လည်း Teaser ထပ်တင်ပေးဦးမှာဆိုတော့ တာတာကို ၀န်းရံပေးကြပါဦးနော် ?

Posted by တာတေကြီး on Wednesday, November 1, 2017

 

from တာတေကြီးရဲ့ fb