ဆုန်သင်းပါရ်ဟာ သီချင်းတွေဆိုတဲ့အခါမှာ အသံပါဝါကောင်းလွန်းတာကြောင့် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ဖေဖော်ဝါရီ (၃)ရက်နေ့မှာ ကျင်းပမယ့် “The Power of Four” ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

သတင်းကောင်းလေးတစ်ခုကတော့ ဆုန်သင်းပါရ်ဟာ ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားနေရပြီလို့ သိရပါတယ်။ သူမအတွက် “The Power of Four” ဖျော်ဖြေပွဲလေးကတော့ နောက်ဆုံးဖျော်ဖြေပွဲလေးဖြစ်ပြီး ဒုတိယရင်သွေးကို မွေးဖွားပြီးချိန်မှပဲ အနုပညာအလုပ်တွေကို ပြန်လုပ်မှာပဲဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလွယ်ထားရတဲ့ ဒုတိယမြောက်ကိုယ်ဝန်ကတော့ ငါးလကော်ျခြောက်လထဲကို ရောက်နေပြီလို့ဆိုပါတယ်။ လက်ရှိမှာလည်း သားလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီး၊ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ သာယာတဲ့ မိသားစုဘ၀ကို ဖြတ်သန်းနေပါတယ်။ သူမအနေနဲ့လည်း အခုဆိုရင် ဒုတိယရင်သွေးလေးကို လွယ်ထားရလို့လည်း အရမ်းကို ပျော်ရွှင်နေပုံရပါတယ်။

source : Sung Tin Par’s fb