မင်းသမီးချော ဆုပန်ထွာကတော့  သူမရဲ့ FB မှာ မိသားစုလိုက် ဆွမ်းလောင်းကုသိုလ် ယူနေတဲ့ ပုံလေး တွေကို ဝေမျှ ထားပါတယ်။ဒီကနေ့ မေလ (၃)ရက်နေ့မှာ တင်ခဲ့တာပါ။ကြသပတေးနေ့တိုင်း အိမ်မှာ ဆွမ်းလောင်း ကုသိုလ် ယူဖြစ် တယ်လို့ သိရပါတယ်။ အလုပ်အားတဲ့ အချိန်လေးမှာ မိသားစုနဲ့ အတူ ဆွမ်းလောင်းကုသိုလ် ယူရတဲ့ ပီတိ လေးက  သူ့ ဘ၀ရဲ့ ကျေနပ်စရာ လေးပါလို့လည်း ဆုပန်ထွာ ကပြောပါတယ်။

“3.5.2018

ကြာသပတေးနေ့တိုင်း အိမ်မှာဆွမ်းလောင်းဖြစ်ပါတယ်။အလုပ်အားခဲ့ရင်တော့ခုလိုမျိုးလေးမိသားစုအတူတူဆွမ်းလောင်းရတဲ့ပိတိကုသိုလ်လေးကလည်း ဘဝမှာကျေနပ်စရာလေးတစ်ခုပေါ့။

ဒီနေ့တော့ဆွမ်းရယ်၊ကြက်သားအာလူးဟင်းလေးရယ်လောင်းဖြစ်ပါတယ်…” ဆိုပြီး တင်ထားပါတယ်။

ဆုပန်ထွာက ပြီးခဲ့တဲ့ ရက်ပိုင်းက မနန်းဘုံဟော်တယ်မှာ “ပုဂံလူရည်ချွန်အပန်းဖြေစခန်း” ဖွင့်ပွဲအခမ်းအနား ကို တက် ရောက်ခဲ့ပါတယ်။ “ဘဝသုံးဘဝက မသုံးမ”  ဆိုတဲ့ ဗီဒီယိုကားကိုလည်း ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။

from ဆုပန်ထွာရဲ့ fb