အကဘုရင်မ စုလှိုင်ဝင်းကတော့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ကကွက်တွေကြောင့် နာမည်ကြီးလာသူပဲဖြစ်ပါတယ်။ သူမကတော့ လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ အကဗီဒီယိုဖိုင်လေးတွေ တင်လေ့ရှိပြီး ဖေ့ဘွတ်ပေါ်မှာတော့ သူမရဲ့ follower ပေါင်း (၄)သိန်းကျော်ရှိပါတယ်။

အခုမှာတော့ စုလှိုင်ဝင်းက သူမရဲ့ Instagram အကောင့်ကနေ အကဗီဒီယိုဖိုင်အသစ်နဲ့ ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ကတော့ Teaser လေးပဲရှိသေးပြီး ဗီဒီယိုဖိုင်အပြည့်ကိုတော့ မတင်သေးပါဘူး။ သူမရဲ့အကဗီဒီယိုဖိုင်အမြည်းနဲ့တင် ပရိသတ်တွေက သဘောကျခဲ့ကြတာကိုတွေ့ရပါတယ်။

အက၀ါသနာပါတဲ့သူမကတော့ အလှဓာတ်ပုံတွေကိုလည်း ရိုက်ကူးလေ့ရှိပြီး ပုရိသတွေရဲ့ အားပေးမှုကိုလည်း အပြည့်အ၀ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။ ညှို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံ ၊ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ့်ကောက်ကြောင်းတို့ကိုပိုင်ဆိုင်ထားရတဲ့သူမကိုတော့ ပရိသတ်တွေကလည်း မကြွေဘဲမနေနိုင်တာပဲဖြစ်ပါတယ်။

source : dqueenshw