ပြည်သူချစ်တဲ့ သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်တဲ့ စိုးသူဟာဆိုရင်တော့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၃၀)ရက်မှာ အသက် (၅၂)နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အသက်ကြီးပေမဲ့လည်း အရွယ်တင်နုပြိုဆဲ စိုးသူကတော့ အမြဲကိုတည်ကြည်ခန့်ညားနေပါတယ်။

စိုးသူနဲ့ လူသိရှင်ကြားတရားဝင် ချစ်သူတွေဖြစ်နေကြတဲ့ မင်းသမီး စိုးမြတ်နန္ဒာက သူရဲ့ ဖေစ့်ဘုတ်ပေါ်မှာ ဗီဒီယိုလေးတစ်ခုနဲ့ ‘သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ ဘဘ’ လို့ စာရေးပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။

အနုပညာရှင် စိုးသူ မွေးနေ့မှာ ပျော်ရွှင်ပြီး ဒီထက်မက အောင်မြင်မှုတွေရရှိဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Myat Nandar

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။