အပြုံးချိုချို မင်းသမီးချောလေး ယွန်းယွန်းဟာ အနုပညာလောကထဲကို ငယ်ငယ်ထဲက ကလေးသရုပ်ဆောင်အဖြစ်ဝင်ရောက်လာခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အသဲတစ်ခြမ်း ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားပိုပိုလှလို့နေပါတယ်။

အခုမှာတော့ လူမှုကွန်ရက်ပေါ် သူမရဲ့ snap ပုံရိပ်လေးတွေကို မျှဝေထားတာတွေ့ရပါတယ်။ ဒီပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက ရင်ခုန်နေခဲ့ရပြီး ကြွေစင်းခဲ့ရပါတယ်။ သူမက “ Snap Of The Day” ဆိုပြီး သူမ Fuji Film New product launch ပွဲတက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ snap ပုံလေးတွေကို မျှဝေပေးထားပါသေးတယ်။

ယွန်းယွန်း ရဲ့အနုပညာလှုပ်ရှားမှုကတော့ လတ်တလောမှာ ရွှေမင်းသမီးနဲ့လူလိမ် ရုပ်သံဇာတ်လမ်းတွဲ ကိုရိုက်ကူးနေတယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ မြ၀တီ Documentary Channel ရုပ်သံလိုင်းမှာ ပြသတော့မှာပဲ ဖြစ်ပါတယ်။

source : Yoon Yoon