လတ်တလော လူမှုကွန်ရရက် စာမျက်နှာပေါ်မှာတော့ ဆရာလေး ဒေါ်နန္ဒမာလာ (ခေါ်) မင်းသမီး ထက်ထက်မိုးဦး တို့မိသားစုကိစ္စက စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပါတယ်။ အကယ်ဒမီ ထက်ထက်မိုးဦးဟာ အလှူပွဲသွားရင်းနဲ့မှ သာသနာဘောင်မှာ ပျော်သလောက်နေမယ်ဆိုပြီး ဆရာလေး ဒေါ်နန္ဒမာလာအဖြစ် ခံယူသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထက်ထက်မိုးဦးက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ အမေဖြစ်သူရဲ့ အင်တာဗျူး အပြီးမှာပဲ သမီးလေးစစ်လွန်းဝတီက “မိကျောင်းမျက်ရည်” ဆိုတဲ့ စာကို တင်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း အဖေစိုင်းလွှမ်းက ပြန်ရှင်းပြခဲ့ပါတယ်။

အခုမှာလည်း သမီးလေး စစ်လွန်းဝတီထက်က အဖေဖြစ်သူ စိုင်းလွှမ်းဘက်ကနေ ရပ်တည်ပြီး အခုလို အားပေးလိုက်ပါသေးတယ်။ “Ohh. …AMAZING Hindsight …If you don’t know true, Please Relax your hand,your mind. I have to no chance ,no permit tell the true … from Par … Fighting Par …. I understand how you felt. I love you Par Sai Hlawn” လို့ရေးသား ထားခဲ့ပါတယ်။

စစ်လွန်းဝတီထက်ရေးထားတဲ့ ဒီ Post အောက်မှာတော့ ပရိသတ်တွေက အမေဖြစ်သူဟာ သူမကိုအသက်နဲ့ရင်းပြီးမွေးထားရတဲ့အတွက် အမေအပေါ်ကို မမုန်းသင့်ကြောင်းတွေ ပြောထားတာတွေ့ရပါတယ်။ ဒါကိုလည်း စစ်လွန်းလေးက အမေကိုချစ်လို့ နေ့တိုင်းကန်တော့အိပ်တယ် ဒါပေမယ့် အမေက မှားနေတယ် ဆိုပြီးပြောခဲ့တဲ့အပြင် အမေက အဖေကိုလည်း နိုင်ထက်စီးနင်းစကားတွေပြောတယ်၊ သမီးတို့နဲ့ ဝေးနေတာလည်းကြာပြီ ဆိုပြီးလည်း ရေးသားထားတာတွေ့ရပါတယ်။

စစ်လွန်းက ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဖေ ဖွင့်ပြောလာမယ့် နေ့အထိကို မစောင့်နိုင်တော့ကြောင်း၊ အဖေအတွက်လည်း ၀မ်းနည်းနေကြောင်းနဲ့ သူမက သူမ မိသားစုအကြောင်းကို တခြားသူတွေထက် ပိုသိတယ်ဆိုတဲ့အကြောင်းတွေ ရေးထားတာတွေ့ရပါတယ်။

source : Sitt Loon Wati Htet