ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်မင်းသမီးရွှေမှုန်ရတီက သူမကိုပရိသတ်တွေအနေနဲ့ အချေမင်းသမီးလို့ မြင်နေတဲ့အပေါ် ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ Loreal Red Carpet ပွဲမှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

မင်းသမီး ရွှေမှုန်ရတီက “ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သူမကို ရုပ်တည်ပြီး ချေတယ်လို့ပြောခံရတဲ့အတွက် ရွှေမှုန်ရတီက စိတ်မကောင်းဖြစ်ရပါတယ်တဲ့…သူမဟာ ခပ်တည်တည်နေတတ်တဲ့အပြင် မျက်နှာထားကြောင့် ပရိသတ်တွေအနေနဲ့ ချေတယ်လို့ထင်နေကြတာပါ” ဟုပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ရွှေမှုန်ရတီက မွေးရာပါနှလုံးအားနည်းမှုကြောင့် ဆေးရုံးခဏခဏတက်နေရပြီး သူမရဲ့ ကျန်မားရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေစိတ်ပူနေမှာစိုးရိမ်ပါတယ်တဲ့အတွက် အကုန်မပြောပြဖြစ်ခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။

ချေချေ နယ်နယ် ဘယ်လိုနေနေချစ်တယ် ????Btw လှချင်တိုင်းကြီးလှနေတာ မလွန်ဘူးလား Shwe MhoneYati ????

Dikirim oleh Yang Naing pada 23 Juli 2017

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။