မင်းသမီး ရွှေပိုးအိမ်တစ်ကတော့ ခရီးတွေကို ဆက်တိုက် ထွက်နေခဲ့ပါတယ်။ မကြာသေးခင်ကပဲ ပုဂံနဲ့ အင်းလေးကို ခရီးထွက်ခဲ့ပါသေးတယ်။ အဲဒီနောက် သူမ မန္တလေးကို ရောက်နေကြောင်းကိုလည်း ” မန်းလေးကို ချစ်တယ်” ဆိုပြီး ပုံလေးတွေ တင်ခဲ့ပါတယ်။

ရွှေပိုးအိမ်ဟာ (၂၀၁၇)ခုနှစ် နှစ်ကုန်ခါနီးလောက်မှာပဲ ကောလာဟလတွေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် အစမှာတော့ အလှူအတန်းတွေ ပြုလုပ်ခဲ့ပြီး နှစ်သစ်ကို ကံကောင်းခြင်းတွေကို ထီပေါက်ခြင်းတွေနဲ့ အစပြုခဲ့ပါတယ်။

မင်းသမီး ရွှေပိုးအိမ်ဟာ “တောပေါက် မြို့ပေါက်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ခိုင်သင်းကြည်၊ သွန်းဆက်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ရွှေပိုးအိမ်ရဲ့ မန္တလေးရောက် အလှပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Shwe Poe Eain’s fb