ရွှေမှုံရတီကတော့ သူမရဲ့ “စိတ်ကြီးဝင်နေတဲ့ မိန်းမ” ဇာတ်ကား Live Video နဲ့ ပတ်သက်ပြီး fb ပေါ်မှာ ကူးယူပြီး တင်ရင် အရေးအသားဆင်ခြင်ကြပါလို့ သတိပေးလိုက်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ရွှေမှုံရတီက ခပ်ချေချေ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။

ရွှေမှုံက သူမ လွှင့်လိုက်တဲ့  live ထဲမှာတော့ ခပ်ကြွားကြွားပြောထားတာပါ။ အိမ်အကြီးကြီးရှိတယ်၊ မီးခံသေတ္တာအလုံး (၁၅၀)လောက်ရှိတယ်၊ နောက်ဆုံးပေါ်ကားကြီးစီးနေတယ်ဆိုပြီး ပြောသွားတာပါ။ ဒါပေမယ့် အဲ့ဒီ live ဟာ “စိတ်ကြီး ၀င်နေသော မိန်းမ” ဇာတ်ကား ဇာတ်ဝင်ခန်းအတွက် live လွှင့်ပြီး သရုပ်ဆောင်တာပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး fb ပေါ် ပြန်ကူးတင်ရင် အရေးအသားဆင်ခြင်ပါဆိုပြီး ရွှေမှုံရတီက fb ပေါ်မှာ ခုလို ပြောထားပါတယ်။

 “မနေ့ ကတင်သော live သည်
စိတ်ကြီးဝင်နေသောမိန်းမ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သောဇာတ်ဝင်ခန်းအတွက် live လွှင့်ကာ သရုပ်ဆောင်ရခြင်းဖြစ်ပါသောကြောင့် media pages များ Facebook ပေါ်ကူးယူတင်လျှင် စာလုံးအရေးအသားများဆင်ခြင်ပါရန်
သတိပေးပါသည်
ရွှေမှုံရတီ..” ဆိုပြီး တင်ထားပါတယ်။

 

 

from ရွှေမှုံရတီရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။