ရွှေမှုန်ရတီကိုတော့ သူမရဲ့ချစ်သူ “မောင်” က Surprise  လုပ်လိုက်ပါတယ်။ လုံးဝမျှော်လင့်မထားပဲ ပေးလိုက်တဲ့အတွက် သူမကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ပုံရပါတယ်။ ရလိုက်တဲ့ လက်ဆောင် ကတော့ အိတ်ပါ။

ပြင်သစ်အခြေစိုက်နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Hermes ရဲ့ Hermes Birkin bag ရလိုက်တာပါ။

“ကျေးဇူးတင်ပါတယ် ဒါပဲပြောတတ်တော့တယ်မောင်ရယ်

၂၉.၁၁.၁၇ ည၁၂ နာရီတိတိ..” ဆိုပြီး တင်ထားပါတယ်။

ရွှေမှုံ့ရဲ့ ချစ်သူကတော့ သူမအတွက် Surprise ပွဲလေးတွေလုပ်ပေးတာ၊ လက်ဆောင်တွေ ပေးတာကို တွေ့ရပါတယ်။

ရွှေမှုန်ဟာ လက်တလောမှာတော့ ကျန်းမာရေးမကောင်းလို့ အနားယူနေပါတယ်။ သူမရဲ့ fb မှာလည်း…

“အကြောတွေက ဆေးလက်မခံချင်တော့ဘူး သူတို့လဲနာပြီလေ
လက်နှစ်ဘက်ဆေးထိုးဖို့နေရာမရှိတော့ဘူး
ဒါကအဆိုးဆုံနေရာ၂ခု..” ဆိုပြီး post တင်ထားပါတယ်။

from ရွှေမှုံရတီရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။