မင်းသမီးချောလေး ရွှေမှုံရတီကတော့ ကျန်းမာရေးချူချာသူလေးပါ။ မကြာမကြာ ဆေးရုံတက်နေရတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ရွှေမှုံတစ်ယောက် ဆေးရုံရောက်နေပြန်ပါပြီ။ ဆေးရုံတက်နေရတဲ့ ပုံတွေကို သူမရဲ့ fb မှာ တင်ထားပါတယ်။

“စိတ်ညစ်တယ် ရောက်ရှိပြန်ပြီ  အလုပ်ကမပြီး စိတ်ပျက်မိ….” ဆိုပြီး တင်ထားပါတယ်။

ပုံထဲမှာတော့ ရွှေမှုံရဲ့လက်မှာ ဆေးထိုးပိုက်သွင်းထားတာကိုတွေ့ရပြီး၊ “Please don’t sick” ဆိုတဲ့ စာတန်းလေး ရေးထားတဲ့ ကိတ်မုန့်ပုံလေးကိုလည်းတင်ထားပါတယ်။ ရွှေမှုံရတီ post ရဲ့ အောက်မှာတော့ အနုပညာ မောင်နှမတွေ၊ သူမရဲ့ ပရိသတ်တွေက အမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ အားပေးထားတာကို တွေ့ရပါတယ်။

ရွှေမှုံရတီဟာ နိုဝင်ဘာ(၆)ရက်နေ့တုန်းက ရေကူးကန်မှာရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါသေးတယ်။ အဲ့ဒီဖိုင် ကိုဆိုရင် သူမရဲ့ fb မှာ ကြည့်ရှုသူ (၄)သိန်း (၇)သောင်းကျော်တောင်ရှိခဲ့တာကိုတွေ့ရပါတယ်။

If swimming is my confident , ocean is my addiction ….Thx Arkar

Posted by Shwe Mhone Yati on Monday, November 6, 2017

from ရွှေမှုံရတီရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။