အချေမင်းသမီးလို့ နာမည်ကြီးလာတဲ့ မင်းသမီးချော ရွှေမှုံရတီတစ်ယောက်ကတော့ ပြီးခဲ့တဲ့လတွေတုန်းက အင်တာဗျူးတွေကို (၂)လကြာ ရပ်နားထားမယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာေ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မီဒီယာတွေကြားမှာ ပျောက်ကွယ်နေခဲ့ပြီး သူမရဲ့ ဖေ့ဘွတ်မှာတော့ သူမရဲ့အချစ်ရေးအကြောင်းတွေ၊ အလှပုံတွေကိုပဲ တင်တာတွေ့ရပါတယ်။

ဒါပေမယ့် အခုမှာတော့ ရွှေမှုံရတီတစ်ယောက် အင်တာဗျူးများ ပြန်လည်ဖြေဆိုမည်ဖြစ်ကြောင်းနဲ့၊ အင်တာဗျူးတွေ ရပ်နားထားရခြင်းမှာ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေရှိခဲ့တယ်ဆိုပြီး ပြောပါတယ်။

သူမရဲ့အကောင့်မှာလည်း “21.1.18 မှစ၍ သမီးရွှေမှုံရတီသည် အင်တာဗျူးအားပြန်လည် လက်ခံဖြေဆိုမည် ဖြစ်ကြောင်း လေးစားစွာဖြင့် မီဒီယာများကို အသိပေးအပ်ပါသည် … သမီး ဒီရှေ့လပိုင်းများတွင် အင်တာဗျူးမဖြေဆိုခြင်းသည် ကိုယ်ရေးကိုယ်တာ အခက်အခဲလေးများ ရှိသဖြင့် မီဒီယာများ အားလုံး နားလည်ပေးပါရန် လေးစားစွာ အနူးညွှတ်တောင်းပန်ပါသည်ရှင်” လို့ အသိပေးပြီး တောင်းပန်ထားတာပဲဖြစ်ပါတယ်။

source : Shwe Mhone Yati’s fb