ပရိသတ်အကြိုက် အချစ်သီချင်းအေးအေးလေးတွေကို သီဆိုရင်းနာမည်ကြီးလာတဲ့ အဆိုတော် ရွှေထူးကတော့ သူရဲ့ ဒုတိယမြောက်ခြေလှမ်းအသစ်ဖြစ်တဲ့ ” illumination” တစ်ကိုယ်တော်အယ်ဘမ်လေးကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ စတင်ဖြန့်ချိမိတ်ဆက်ပေးလိုက်ပါပြီ ။ ရွှေထူးရဲ့ ” illumination” အခွေလေးမှာ ပါတဲ့ သီချင်းတွေကတော့ ရက်ပိုင်းအတွင်းမှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစား၊ အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ရွှေထူးရဲ့ illumination တစ်ကိုယ်တော်အယ်ဘမ်လေးကို  အားပေးတဲ့ ပရိသတ်တွေအများအပြားရှိခဲ့သလို ဝေဖန်မှုတွေနဲ့လည်း ကြုံနေရပါတယ်။ ရွှေထူးရဲ့ အယ်ဘမ်ကာဗာပုံက နိုင်ငံခြားအဆိုတော်အဖွဲ့ Royal Blood အဖွဲ့ရဲ့ အယ်ဘမ်ကာဗာပုံနဲ့ တူနေတာကြောင့် ရွှေထူးတစ်ယောက် ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။

ဒီလို တူသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး ရွှေထူးရဲ့ ဒုတိယမြောက် သီချင်းအယ်ဘမ်ကာဗာကို လုပ်ပေးခဲ့တဲ့ Young Creater အဖွဲ့ကတော့ အခုလိုရှင်းပြထားတာတွေ့ရပါတယ်။ “I Album Design ကိစ္စနဲ့ပတ်သက်ပြီး အချိန်အခက်အခဲကြောင့် ကျွန်တော်တို့ စိတ်တိုင်းကျ ဖန်တီးဖို့ နောက်ကျသွားသဖြင့် အချိန်မှီ Design တစ်ခုကို ဖန်တီးခဲ့ရာကနေ အခြား Design တစ်ခု နှင့် ဆင်တူယိုးမှား ဖြစ်ကာ အားလုံးကို အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်စေခဲ့ပါတယ်” တဲ့ ။

ဆက်လက်ပြီး ” ယခု Ko Shwe Htoo အစွမ်းကုန်ကြိုးစားထားသော Album ကို ကျွန်တော်တို့ရဲ့ Design ပိုင်းချို့ယွင်းမှုကြောင့် အမြင်လွဲမှားမှုများ စွာကြုံတွေ့ရတာမြင်သဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်… ကျွန်တော်တို့ လိုအပ်ချက်များကိုထောက်ပြပေးတာကိုလည်း အားလုံးကို ကျေးဇူးတင်ရင်း ရှေ့ဆက်ပြီး အမှားအယွင်းနည်းအောင်ပြုပြင်ဖို့ကြိုးစားနေပါတယ် … နောက်နောင်ကိုလည်း ယခုလိုချို့ယွင်းမှုများ မရှိအောင် အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်လို့ မေတ္တာရပ်ခံချင်ပါတယ်ထို့ကဲ့သို့ Ko Shwe Htoo ရဲ့ ကျွန်တော့်တို့အပေါ်ယုံကြည်မှုပြီးအလုပ်အပ်နှံမှုကို ကျွန်တော်တို့ဘက်မှ လစ်ပာင်းမှု အဆင်မပြေမှုများကို Young Creator မှ အားလုံးကို အနူးအညွှတ်တောင်းပန်လိုပါတယ် ” လို့ ရှင်းပြတောင်းပန်ထားတာတွေ့ရပါတယ်။

ရွေထူးဘက်ကလည်း ” အကျိုးရှိလို့ အကြောင်းဖြစ်လာကြတာပဲလေ… ကျွန်တော်လည်းဒီလိုမဖြစ်ချင်သလို … ကျွန်တော့်ညီလေးတွေ Young Creator အနေနဲ့လည်း သူတို့အမှားကိုသူတို့သိကြပါတယ်… ကျွန်တော့်ဘက်ကစိစစ်မှုတွေလိုအပ်ခဲ့လို့လည်းတောင်းပန်ပါတယ် … ပရိသတ်တွေကိုလည်းရွှေထူးရဲ့လိုအပ်ချက်ကြောင့်အပြောခံခဲ့ရရင်တောင်းပန်ပါတယ်ဗျာ …သဘောထားကြီးစွာနဲ့ကျွန်တော့်ညီအကိုမောင်နှမပရိသတ်များအားလုံးလည်းသူတို့ကိုခွင့်လွှတ်ပေးလိုက်ကြပါဗျာ … ကျွန်တော့်လိပ်ပြာကျွန်တော်လုံပေမယ့် စတက်ကတည်းကအပြောခံရတော့စိတ်မကောင်းလိုပါ…ဝေဖန်ထောက်ပြတဲ့တစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျာ…လေးစားလျက် .. ရွှေထူး ” လို့ရေးသားမျှဝေခဲ့ပါတယ်။

source : Htoo Khant