သီချင်းအမိုက်စားတွေကို သီဆိုရင်း ပရိသတ်ရဲ့အချစ်ကို သိမ်းပိုက်နိုင်သူက အဆိုတော်ရွှေထူးပဲဖြစ်ပါတယ်။ ရွှေထူးကတော့ အဆိုဘက်ပိုင်းမှာ အောင်မြင်သူတစ်ယောက်ဖြစ်သလို အခုဆိုရင် သရုပ်ဆောင်ဘက်ပိုင်းကိုပါ ကူးတော့မှာဖြစ်လို့ ရွှေထူးရဲ့ ပရိသတ်တွေက ၀မ်သားအားရမဆုံး ဖြစ်နေခဲ့ကြပါတယ်။

အခုမှာတော့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ ထွက်ရှိလာမယ့် ရွှေထူးရဲ့ ဒုတိယမြောက်အခွေဖြစ်တဲ့ “I” ကို မူရင်းအခွေပဲ အားပေးဖို့ ပရိသတ်တွေကို ပြောလိုက်ပါတယ်။ အဆိုတော်တွေ တော်တော်များများက ခိုးကူးခွေတွေရဲ့ပြဿနာကို ရင်ဆိုင်နေရတာကြောင့် ရွှေထူးက “သီချင်းတွေကြိုက်ရင် မူရင်းခွေကို အားပေးပါနော်” လို့သူရဲ့ ဖေစ်ဘုတ်မှာ ပြောထားတာဖြစ်ပါတယ်။

source : Htoo Khant