“ပက်ပက်စက်စက်ညှို့” ဆိုတဲ့ ရုပ်ရှင်ကားကတော့ (၁၇.၁၁.၂၀၁၇) ကျရင် ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားမှာတော့ မင်းသား နေတိုး၊ မိုးစက်ဝိုင်နဲ့ အဆိုတော် ရွှေထူးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်း မိုးနီလွင်ဖြစ်ပြီး ဒါရိုက်တာကတော့ သားညီ ပါ။ သီချင်းတွေ၊ ခံစားချက်အပြည့်နဲ့ သီဆိုရေးဖွဲ့တတ်ပေမယ့် သရုပ်ဆောင် အလုပ်ကိုတော့ စိမ်းနေသေးတဲ့ ရွှေထူးကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိနေပါတယ်။

ဒီဇာတ်ကားမှာ သူ့ကြောင့် ရုပ်ရှင်အရသာပျက်သွားမှာကို စိတ်ပူမိတဲ့အကြောင်းနဲ့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ နေတိုးလို ၀ါရင့်မင်းသားနဲ့ တွဲဖက်သရုပ်ဆောင်ရတာဟာ သူ့အတွက် အရမ်းခက်ခဲပြီး လိုအပ်ချက်တွေ အများကြီးရှိပါတယ်လို့ စိတ်ထဲက စိုးရိမ်စိတ်တွေကို ပြောပြခဲ့ပါတယ်။ လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်ထောက်ပြပေးပါလို့ ရွှေထူးက ပြောခဲ့ပါတယ်။ ရွှေထူးကတော့ ဒီဇာတ်ကားထဲမှာ “ရာဇဘွား” ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။ အပြည့်အစုံကတော့…

“ပက်ပက်စက်စက်ညှို့  ၁၇.၁၁.၂၀၁၇ မှာစတင်ရုံတင်ပါတော့မယ် … ကျွန်တော့်ရဲ့နောက်ထပ်ကြိုးစားမှုတစ်ခုပါ … ရင်ခုန်တာထက် စိုးရိမ်စိတ်တွေပဲဖြစ်တယ် … ကျွန်တော့်ကြောင့်ရုပ်ရှင်ရသပျက်မှာကိုစိုးရိမ်တယ် … ကျွန်တော်ချွတ်တားဘဝတည်းကကြည့်ခဲ့ဖူးတဲ့ … တစ်အိမ်သားလုံးလဲသဘောကျရတဲ့ … ပရိသတ်တွေချစ်ကြတဲ့မင်းသားကြီးတစ်ယောက်နဲ့သရုပ်ဆောင်ရတာ တကယ့်ကိုကျွန်တော့်အတွက်ခက်ခဲလွန်းခဲ့ပါတယ် … လိုအပ်ချက်တွေအများကြီးကိုရှိပါတယ် … အထူးသဖြင့်ကျွန်တော့်ကြောင့်ရုပ်ရှင်တစ်ကားအရသာပျက်မှာအရမ်းကိုစိုးရိမ်လှပါတယ် …

လိုအပ်ချက်များစွာကိုထောက်ပြပေးပါ … ဝေဖန်ပေးပါ … အကဲဖြတ်ပေးပါ … မည်သည့်ဝေဖန်ချက်မျိုးမဆိုကျွန်တော်ကြိုဆိုပါတယ်ခင်ဗျာ … အမှားယွင်းများရှိခဲ့လျှင် ရုပ်ရှင်ချစ်ပရိသတ်များအားလုံးကိုကြိုတင်တောင်းပန်ပရစေခင်ဗျာ …

လေးစားစွာဖြင့်

ရွှေထူး …” ဆိုပြီး ရေးထားတာပါ။

ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ဝင်သီချင်း

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကိုမျှော်လင့်နေကြသူများအတွက် ရုပ်ရှင်ဇာတ်ကားထဲမှာပါဝင်မယ့်သီချင်းတစ်ပုဒ်ကို ရုံးပိတ်ရက်အားလပ်ရက်များမှာနားဆင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။Infinityတေးရေး/ တေးဆို – ရွှေထူးMusic – ကိုဇေဒါရိုက်တာ – သားညီ တည်းဖြတ် – ဉာဏ်ဝင့်Produced by 7th Sense Film Production

Posted by ပက်ပက်စက်စက်ညှို့ on Wednesday, November 1, 2017

from ရွှေထူး၊ပက်ပက်စက်စက်ညှို့ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။