LDRS (long distance relationship) နာမည်ကျော် ဆယ်လီစုံတွဲကိုပြပါဆိုရင်တော့ ရွှေထူးတို့စုံတွဲကို ပြရမှာပါ။ အချစ်မှာ နီးခြင်း၊ ဝေးခြင်းက အဓိကမကျပဲ ချစ်နေဖို့ကပဲ အဓိကကျတယ်ဆိုတာကို သူတို့စုံတွဲက သက်သေပြနေပါတယ်။

တွဲလာတဲ့ ချစ်သူ သက်တမ်းကလည်း (၇)နှစ်လောက်ရှိနေပါပြီ။ ရွှေထူးကလည်း အနုပညာလောကထဲ စရောက်တည်းကကို သူ့မှာချစ်ရတဲ့သူရှိတယ်ဆိုပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သူပါ။

ရွှေထူးရဲ့ ချစ်သူ ယမင်းဦး (pancakedadasoe) က ပြည်ပမှာ ကျောင်းတက်နေသူဖြစ်ပြီး တခါတရံမှ မြန်မာပြည်ကို ပြန်လာသူပါ။ အခုရက်ပိုင်းမှာတော့ မြန်မာပြည်ကို ပြန်ရောက်နေပါတယ်။ ချစ်သူ ရွှေထူးနဲ့အတူ ပြင်ဦးလွင်ကိုရောက်နေပါတယ်။ ပြင်ဦးလွင်မှာ ရွှေထူးက သီချင်းသွားဆိုတာပါ။ အနားမှာ အချစ်ရှိနေတော့ ရွှေထူးတစ်ယောက် ဒီရက်ပိုင်းမှာ အရမ်းကို သိသိသာသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ IG မှာလည်း ချစ်သူနဲ့အတူ ပုံလေးတွေ တင်ထားပါတယ်။

စုံတွဲလက်စွပ်နဲ့သူတို့နှစ်ယောက်ရဲ့ လက်ပုံလေးကိုတင်ပြီး  Caption မှာ ..

#Lock_Of_Love #TogetherForever #LoveYouSoMuch #HoldMyHand ဆိုပြီး တင်ထားတာကိုလည်း တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံလေးတစ်ပုံမှာတော့..

“#Love_U_More_Than_Myself..” ဆိုပြီး ကိုယ့်ကိုယ်ကိုထက် မင်းကိုပိုချစ်ပါတယ်ဆိုပြီး တင်ထားတာကိုလည်း တွေ့ရပါတယ်။

from ရွှေထူးနဲ့ယမင်းဦးရဲ့ fb & IG