ပရိသတ်တွေရဲ့ အားကျကြတဲ့ ဆယ်လီစုံတွဲတွေထဲမှာ ရွှေထူးတို့ စုံတွဲလည်း အပါအ၀င်ပါ။အရမ်းကို ချစ်စရာေ ကာင်းပြီး အရမ်းရိုကြတဲ့ စုံတွဲပါ။အဆိုတော် ရွှေထူး ကတော့ သူ့ရဲ့ ချစ်သူယမင်းဦး(pancakedadasoe) နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပရိသတ် တွေကို အတိအလင်း အသိပေးလိုက်ပါပြီ။ရွှေထူးနဲ့ သူ့ရဲ့ ချစ်သူတို့ဟာ တွဲလာတာ (၇)နှစ်လောက်ရှိခဲ့ပေမယ့် အခုတော့ စိတ်မကောင်းစွာနဲ့ပဲ လမ်းခွဲပြတ်စဲသွားခဲ့ပါပြီ။

မေ(၈)ရက်နေ့ နေ့လယ် (၂)နာရီလောက်က သူ့ရဲ့ fb မှာ Live လွှင့်ပြီး လက်ရှိသူ့ရဲ့ အချစ်ရေးအကြောင်းကို အသိပေးခဲ့တာပါ။လမ်းခွဲလိုက်တာကြာခဲ့ပြီဖြစ်ကြောင်းနဲ့ အဆင်ပြေပြေနဲ့ပဲ လမ်းခွဲလိုက်တာပါလို့ ရွှေထူးက ပြော ထားပါတယ်။သူ့ရဲ့ Post တွေအောက်မှာလာလာမန့်နေတဲ့ အပေါ် သူ့စိတ်ထဲမှာ အဆင်မပြေကြောင်း၊ဒီအတိုင်းကြီးပဲ မနေချင်တော့လို့ အခုလို အတိအလင်းအသိပေးခဲ့တာပါလို့ ရွှေထူးက ပြောထားပါတယ်။

“ကျတော်တို့ လမ်းခွဲလိုက်ပြီ” ဆိုပြီး ပြောထားပါတယ်။မီဒီယာတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လာမမေးပါနဲ့လို့ Request လုပ်ခဲ့ပါတယ်။ရွှေထူးရဲ့ Live ကိုတော့ တင်ပြီး မိနစ်(၅၀)လောက်အကြာမှာပဲ ကြည့်တဲ့ သူ (27K Views) အထိရှိခဲ့ပါတယ်။

Posted by Htoo Khant on Tuesday, May 8, 2018

from ရွှေထူးရဲ့ fb