အဆိုတော် မင်းသား ရွှေထူးကတော့ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတွေကတော့ အမျိုးသားပရိသတ်တွေရော အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိခဲ့ပါတယ်။

ရွှေထူးကို မိန်းကလေးပရိသတ်ရဲ့ အားပေးမှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါ။ တလောကဆိုရင် စင်ပေါ်မှာ သီချင်းဆိုနေတဲ့ရွှေထူးကို မိန်းကလေးပရိသတ်တစ်ယောက်က အတင်းဆွဲပြီး ဖက်နမ်းတဲ့ ဗီဒီယိုဖိုင်တစ်ခုတောင် တက်လာပါသေးတယ်။ ပျိုတိုင်းကြိုက်တဲ့ ရွှေထူးကတော့ သူ့ရဲ့ FB မှာ ပုံလေးတွေ တင်ထားပါတယ်။

 

ကုသိုလ်တော်ဘုရားဖူးနေတဲ့ပုံလေးတွေပါ။ မန္တလေးကိုတော့ မကြာခဏရောက်ဖြစ်ပေမယ့် ကုသိုလ်တော်ဘုရားကိုတော့ ခုမှ ရောက်ဖူးတယ်လို့ ပြောထားပါတယ်။

#မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား … မန္တလေးကိုခဏခဏရောက်ပေမယ့် … ကုသိုလ်တော်တော့ခုမှရောက်ဖူးတယ် … ??…”

   

 

from ရွှေထူးရဲ့ fb