အဆိုတော်ရွှေထူးကတော့ သီချင်းအမိုက်စားတွေနဲ့ ပရိသတ်ရင်ထဲကို ထိစေခဲ့သူပဲဖြစ်ပါတယ်။ ရွှေထူးဟာဆိုရင် အဆိုဘက်ပိုင်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ အခုမှာတော့ ရွှေထူးက ဒိတ်ဒိတ်ကြဲမင်းသမီး ၀တ်မှုန်ရွှေရည်နဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ရှိပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်ကိုတော့ မသိရသေးပေမယ့် ဒါရိုက်တာ မီးပွားက ရိုက်ကူးမှာပဲဖြစ်ပြီး (၂၀၁၈) မတ်လမှာ စတင်ရိုက်ကူးတော့မယ်လို့လည်း သိရပါတယ်။ အဆိုဘက်ပိုင်းမှာလည်း အောင်မြင်သူဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုတွေ တစ်ခဲနက် ပိုင်ဆိုင်ထားသူ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်လောကမှာ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်သူ ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီး ၀တ်မှုန်ရွှေရည်တို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားက ဘယ်လို ဇာတ်ကားမျိုးဖြစ်မလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

source : Htoo Khan