ပရိသတ်တွေကြား “အချေမင်းသမီး” လို့နာမည်ကြီးနေတဲ့ မင်းသမီးချော ရွှေမှုံရတီကတော့ အနုပညာလောကမှာလည်း အောင်မြင်မှုတွေ ရရှိနေသလို အချစ်ရေးမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်နေရသူပဲဖြစ်ပါတယ်။ အခုမှာတော့ ရွှေမှုံရတီက သူမရဲ့ချစ်သူ မောင် ကို အပြောချိုချိုလေးနဲ့ချုပ်လိုက်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်လို့ ပေါ်ပေါ်တင်တင်ပြောပြီး ခံစားချက်တွေ ထုတ်ဖော်ပြတတ်တဲ့ ရွှေမှုံရတီက သူမရဲ့ အချစ်ဆုံးမောင်ကို ဘယ်လောက်ထိချစ်ကြောင်းတွေ၊ ချစ်သူမျက်နှာကိုမြင်တိုင်း ကြည်နူးရတဲ့အကြောင်းတွေကို အခုလို ပွင့်ပွင့်လင်းလင်းပြောထားတာတွေ့ရပါတယ်။ “စကားလေး တစ်ခွန်းကို မြတ်မြတ်နိုးနိုးနဲ့ သူ့မျက်နှာမြင်တိုင်း သူ့အပြုံးလေးတွေမြင်တိုင်း သူ့အလိုလို ပြောမိသွားတာက အရမ်းချစ်တယ်သိလား မောင်ရယ် တဲ့” လို့ရေးထားတာပဲဖြစ်ပါတယ်။

ဒီပိုစ်ရဲ့အောက်မှာလည်း ပရိသတ်တွေကလည်း ရွှေမှုံရတီကို စနောက်နေကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ချစ်သူမောင်က သူမကို သိန်း(၃၅၀)နီးပါးတန်တဲ့ နာရီလက်ဆောင်ပေးခဲ့ပြီး Surprise လုပ်ခံခဲ့ရလို့ ၀မ်းသာမျက်ရည်ကျခဲ့တဲ့အထိ ပျော်ခဲ့ရပါသေးတယ်။ ရွှေမှုံရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ “ငယ်ကျွန်”ရုပ်ရှင်ဇာတ်ကားကြီးမှာ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရခဲ့ပါသေးတယ်။

source : Shwe Mhone Yati