Miss Grand International အလှမယ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရွှေအိမ်စည်ကတော့ တလောက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးခဲ့တဲ့ သူမက ကိုအေးနေ၀င်းကို ကန်တော့နေတဲ့ ပုံနဲ့ ပတ်သက်ပြီး Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ  ပြောပြခဲ့ပါတယ်။ဘာကြောင့် ကန်တော့ဖြစ်ခဲ့သလဲ ဆိုတော့….

“ကိုအေးနေ၀င်းကလည်း ကိုယ့်ထက်အသက်ပိုင်းဆိုင်ရာမှာ အများကြီး ကြီးတဲ့ အတွက်ကြောင့် သူ့လည်း ကန်တော့သင့် ကန်တော့ထိုက်တဲ့ထဲမှာ ပါတယ် ဆိုပြီးတော့ ကန်တော့လိုက်တာပါ ။ တစ်ကယ်တော့ ကန်တော့သည်ဖြစ်စေ၊ မကန်တော့သည်ဖြစ်စေပါ ။ စိတ်ထဲမှာ အတိုင်းအတာ တစ်ခု အထိကတော့ ကိုယ့်ထက်လည်းကြီးတယ်။ ရိုသေရမယ့်သူဆိုပြီးတော့ သတ်မှတ်ထားတာပါ။

ဒါကလည်း ယဉ်ကျေးမှုတစ်ခုအနေနဲ့ ကိုယ့်အမေကို ကန်တော့ရင်းနဲ့ပေါ့ ။ တစ်ကယ်တော့ စိတ်ထဲ မှာမရှိဘူး ။ဒါပေမယ့်လည်း လက်ရှိ ဖြစ်သွားတဲ့ မစ္စယူနီဗာ့စ်ကိစ္စတွေနဲ့လည်း ကိုယ့်ဘက်အရမ်းကို ကာကွယ်ပေးထားတယ်။ ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးထားတဲ့ အတွက်ကြောင့် အိမ်စည့် ဘက်က ကျေး ဇူးတင်တယ်လို့ပဲ ထိုင်ပြောနေလို့တော့ မရဘူးပေါ့နော်။ ဒါ ရိုသေလေးစားမှုကို ဖော်ပြလိုက်တာပေါ့ ” လို့ ပြောပါတယ်။

Source Myanmar Celebrity

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။