ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ လူထုဝတ်ပြုဆုတောင်းပွဲကို ဒီကနေ့(နိုဝင်ဘာ ၂၉)ရက်နေ့၊ နံနက်(၈)နာရီခွဲမှာ ရန်ကုန်မြို့ ကျိုက္ကစံကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကိုတော့ ပြည်တွင်းမှာရှိတဲ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားနိုင်ငံတွေက ကက်သလစ်ဘာသာဝင်တွေ၊ တခြားဘာသာဝင်တွေပါ လာရောက် ဆုတောင်းဝတ်ပြုခဲ့ကြပါတယ်။ ဒီပွဲကိုတော့ လူထုမစ္ဆားတရားပွဲတော်လို့ခေါ်ပါတယ်။

မော်ဒယ်မင်းသမီး ရွှေအိမ်စည်လည်း ဒီပွဲသို့ ရောက်ရှိနေပါတယ်။ သူမကိုတက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတာလို့ ရွှေအိမ်စည်က ပြောပါတယ်။ ၀တ်ပြုဆုတောင်းပွဲကိုရောက်နေတဲ့ သူမရဲ့ ပုံလေးတွေကို တင်ထားပါတယ်။

“Felt so blessed and honored as a Buddhist to participate in the Mass by the Holy Father

ပုပ်ရဟန်းမင်းကြီးရဲ့ မစ္ဆားတရားတော်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် အဖိတ်ကြားခံရတာ ဂုဏ်ယူဝမ်းမြာက်ရပါတယ်…” ဆိုပြီး တင်ထားပါတယ်။

Photos from Pyi myanmar နဲ့ ရွှေအိမ်စည်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။