မော်ဒယ်စူးရှထက်ကတော့ သွေးလှူဒါန်ခဲ့ပါတယ်။သွေးလှူဖြစ်ခဲ့တဲ့ အကြောင်းကို သူမရဲ့ fb မှာ  မေလ (၃)ရက်နေ့က တင်ထားပါတယ်။စအိုပိတ်ကလေးငယ်လေး ခွဲစိတ်အပြီးမှာ အရေးပေါ် အိုသွေး လိုအပ်လာလို့ တောင်းခံလာမှုကြောင့် လှူ ဒါန်းဖြစ်ခဲ့တာပါလို့ ဆိုထားပါတယ်။ကံနိမ့်နေလို့ နောက်ပိုင်းမှာလည်း ကုသိုလ် အလုပ်တွေကို  ဦးစားပေး လုပ်ဆောင် သွား မယ်လို့ ပြောထားပါတယ်။

 

“ယနေ့ကုသိုလ်
========

ဖင်စအိုပိတ်ကလေးငယ်ခွဲစိတ်အပြီး လိုအပ်သော

အရေးပေါ် အို-သွေး တောင်းခံလာမှုကြောင့်

ပါရမီ ဆေးရုံကြီးတွင် သွားရောက်လှူဒါန်းခဲ့ပါတယ်

မွစိ အရမ်းကံနိမ့်နေလို့ ကုသိုလ်အလုပ်တွေရှေ့ေ
လျာက် ဦးစားပေးလုပ်ဆောင်သွားပါမယ်

မွစိကို ချစ်တဲ့ပရိတ်သတ်တွေအတွက်လည်း
မွစိပြုသမျှကုသိုလ်အစုစုအတွက် ထပ်တူရပါစေလို့
ဆုတောင်းပေးပါတယ်…” ဆိုပြီး တင်ထားပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ဧပြီလကုန်လောက်ကလည်း ထိန်ပင်အမှိုက်ပုံမီးကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေဆီကို သွားရောက်ပြီး တက်နိုင် သမျှ ကူညီပေးခဲ့ပါတယ်။မီးသတ်သမားတွေအတွက် တခြားအလှူရှင်တွေနဲ့ပေါင်းပြီး လှူဒါန်းဖြစ် ခဲ့တာလို့ သိရပါတယ်။

 

from စူးရှထက်ရဲ့ fb